Main menu

Background

ပစ္စည်းသန့် လက်ကျန်နည်းနေပြီဖြစ်တဲ့ ပင်လောင်းနနွင်း

Tue, 10/19/2010 - 07:04 -- Anonymous (not verified)

ပစ္စည်းသန့် လက်ကျန်နည်းနေပြီဖြစ်တဲ့ ပင်လောင်းနနွင်း      ရှမ်းနနွင်းသန့်တွေက အောင်ပန်း၊ တောင်ကြီးဈေးကွက်တွေမှာ လက်ကျန်က ကုန်သလောက်ဖြစ်သွားပြီလို့ သိရပါတယ်။ ပစ္စည်းလက်ကျန်ကလည်း ပင်လောင်းမှာသာရှိပါတော့တယ်။ ပြည်ပက ဝယ်လက်ရှိပေမဲ့ နနွင်းသန့်က ရှားနေ တာကြောင့် အရောင်းအဝယ်အေးနေတယ်လို့ သိရပါတယ်။ ဟိုးပုံး၊ အောင်ပန်း (ဆင်တောင်) အင်းလေးတကြောကထွက်တဲ့ နနွင်းသန့် တွေကတော့ ပြည်ပ ဝယ်လို အားကောင်းတာကြောင့် ဈေးကွက်မှာ ပစ္စည်းပြတ်သွား ပါတယ်။ လက်ကျန် ပင်လောင်းနနွင်း ကလည်း အရည်အသွေးညံ့တာကြောင့် ဈေးကွက်မှာ ရောင်းပန်း သိပ်မလှပါဘူး။ အောင်ပန်းဈေးကွက်မှာ ဒီတစ်ပတ်နနွင်း ပေါက်ဈေးက နနွင်းသန့် တစ်ပိဿာ ၃၃ဝဝ ကျပ်၊ နနွင်းညံ့ ၂၇ဝဝ ကျပ်-၂၈ဝဝ ကျပ်ဈေးရှိပြီး နနွင်းခါးက ၁၅ဝဝ ကျပ်၊ ၁၆ဝဝ ကျပ်၊ နနွင်းခေါင်းက တစ်ပိဿာ ၂၁ဝဝ ကျပ်-၂၂ဝဝ ကျပ် ဈေးရှိပါတယ်။ တောင်ကြီးဈေးကွက်မှာတော့ နနွင်းတစ်ပိဿာ ၃ဝဝဝ ကျပ်ဈေးနဲ့ဈေးငြိမ်နေတယ်လို့သိရပါတယ်။                                                                                                       ဧဧခိုင်