Main menu

Background

ဈေးနှုန်းအတက်အကျ အပြောင်းအလဲဖြစ်နေတဲ့ အိန္ဒိယနနွင်း

Tue, 10/19/2010 - 07:14 -- Anonymous (not verified)

ဈေးနှုန်းအတက်အကျ အပြောင်းအလဲဖြစ်နေတဲ့ အိန္ဒိယနနွင်း         အိန္ဒိယနနွင်း ဈေးကွက်တွေကို နနွင်းဝင်ရောက်မှု တိုးတက်လာတဲ့နေ့မှာ ဈေးကျဆင်းပြီး ပြည်တွင်း ဝယ်လိုအားကောင်း တဲ့နေ့မှာ ဈေးအနည်းငယ်တက်လာတာကို တွေ့ရပါတယ်။ ၂ဝ၁ဝ-၂ဝ၁၁ နနွင်းရာသီမှာ အထွက်မြင့်တက်မယ့် မျှော်လင့်ချက်နဲ့ လတ်တလော ပြည်ပအဝယ်နည်းနေတာကြောင့် ဈေးထပ်ကျမယ့် ခန့်မှန်းချက်များအရ အောက်တိုဘာ ၁၁ ရက် ဈေးကွက်တွေကို နနွင်းဝင်ရောက်မှု ဟာ ဝ ဒသမ ၂၇ ရာခိုင်နှုန်း တိုးတက်လာခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့်လည်းနီဇမ်မာဘတ်ဈေးကွက်မှာ တစ်တန်ကို ၆၆ ဒသမ ၄၅ ရူပီး (ကန်ဒေါ်လာ ၁ ဒသမ ၅) ကျဆင်းပြီး ရူပီး ၁၄၅၂၄၇ (ကန်ဒေါ်လာ ၃၂၈ဝ) နဲ့ အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။      အောက်တိုဘာလ ၁၂ ရက်မှာ ပွဲတော်နဲ့ လက်ထပ်ရာသီအတွက် လက်ငင်းအဝယ်တက်လာတာကြောင့် နနွင်းကြိုပွိုင့်ဈေး ၁ ဒသမ ၁၈ ရာခိုင်နှုန်း ပြည်လည်မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ NCDEX  မှာ ဒီဇင်ဘာလပို့ရမယ့် နနွင်းဈေးဟာ ရူပီး ၁၃၂ဝ (ကန်ဒေါ်လာ ၂၉ ဒသမ ၈၁) မြင့်တက်ပြီး ရူပီး ၁၁၂၉၈ဝ (ကန်ဒေါ်လာ ၂၅၅၁) ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အင်ဒရာပရာဒေ့ရှ်ရဲ့ အဓိကလက်ငင်းဈေးကွက်ဖြစ်တဲ့ နီဇမ်မာဘတ်မှာလည်း တစ်တန်ကို ရူပီး ၂၃ဝ (ကန်ဒေါ်လာ ၅ ဒသမ ၁၉) မြင့်တက်ပြီး ရူပီး ၁၄၅၉၅ဝ (ကန်ဒေါ်လာ ၃၂၉၆) ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။        နိုင်ငံရဲ့ ထိပ်တန်း နနွင်းထုတ်လုပ်တဲ့ အင်ဒရာပရာဒေ့ရှ်ရဲ့ နနွင်းထွက် ရှိမှုဟာ နနွင်းစိုက်သူတွေ ပိုမိုစိုက်ပိုျးလာခြင်းနဲ့ ရာသီဥတုအခြေအနေ ပေးခြင်း တို့ကြောင့် ယခုနှစ် ၂ဝ၁ဝ-၂ဝ၁၁ မှာ ၄ဝ ရာခိုင်နှုန်း မြင့်တက်ဖွယ်ရှိတယ်လို့ သိရပါတယ်။ ဈေးကွက်လေ့လာ ဆန်းစစ်သူများရဲ့ ပြောကြားချက်အရ လက်ရှိ ပွဲတော်နဲ့ လက်ထပ်ရာသီ အတွက်လက်ငင်း အဝယ်မြင့် တက်ခြင်းက ကြိုပွိုင့်ဈေးကို ဆွဲမြင့်နိုင်ပေမဲ့ ပြည်ပအဝယ်လျော့ကျခြင်းနဲ့ နနွင်းအထွက်မြင့်တက်မယ့် မျှော်လင့်ချက်များက ဈေးနှုန်းမြင့်တက်မှုကို ကန့်သတ်နိုင်ဖွယ် ရှိတယ်လို့ ဆိုပါတယ်။                                                                                                                          ယမင်းခင်၊Source: P T I