Main menu

Background

မူဆယ်နယ်စပ်မှ မန်ကျည်းမှည့် (အစေ့ပါ) ပို့

Tue, 10/19/2010 - 07:23 -- Anonymous (not verified)

 မူဆယ်နယ်စပ်မှ မန်ကျည်းမှည့် (အစေ့ပါ) ပို့       မူဆယ် ၁ဝ၅ မိုင် နယ်စပ် ကုန်သွယ်ရေးစခန်းမှတစ်ဆင့် မန်ကျည်း မှည့် (အစေ့ပါ) ၇၂ တန်ကျော် ကန် ဒေါ်လာ ၃၁ဝဝဝ ဖိုးတရုတ်နိုင်ငံ သို့ယခုအပတ်မှာ တင်ပို့နိုင်ခဲ့ပါတယ်။ မန်ကျည်းမှည့်အစေ့ပါကို စစ်တွေ နယ်စပ်မှနည်းနည်းနဲ့ ပုံမှန်သာ ခု ဂဏန်းမျှ တင်ပို့လေ့ရှိပြီးရံဖန် ရံခါ မူဆယ်နယ်စပ်မှ ဆယ်ဂဏန်းမြင့်မြင့် တင်ပို့လေ့ရှိရာ ယခုအပတ်မှာ မူဆယ် နယ်စပ်မှ တင်ပို့ခဲ့ခြင်းဖြစ်ပါတယ်။ မန္တလေး၊ မကွေးနဲ့စစ်ကိုင်းတိုင်း ဒေသကြီး များကထွက်ရှိတဲ့ မန်ကျည်းမှည့် (အစေ့ပါ)များကို တင်ပို့နေခြင်း ဖြစ် ပါတယ်။ ဧပြီလမှ စက်တင်ဘာလထိ မန်ကျည်းမှည့် (အစေ့ပါ) တန် ၂၁ဝ ကျော်နယ်စပ်စခန်းများမှ တင်ပို့ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။                                                                                                                               MIRT (DOBT)