Main menu

Background

ကိုရီးယား ဝမ်တန်ဖိုး သုံးလအတွင်း ၁ဝ ရာခိုင်နှုန်းတက်

Tue, 10/19/2010 - 08:00 -- Anonymous (not verified)

 ကိုရီးယား ဝမ်တန်ဖိုး သုံးလအတွင်း ၁ဝ ရာခိုင်နှုန်းတက်      ဝမ်တန်ဖိုးဟာ တစ်ဒေါ်လာကို ဝမ် ၁ဝဝဝ အထိမြင့်တက်လာရင် ပို့ကုန်လုပ်ငန်းတွေက အရင်းပြန်ရဖို့အတွက် အဓိက ကုန်တွေဈေးနှုန်းကို ထပ်တင်ရမှာဖြစ်ပါတယ်။ဈေးနှုန်းကိုမြင့်လိုက် ရင်လည်း အမှာစာက ၁ဝ ရာခိုင်နှုန်းအထိ ကျသွားနိုင်ပါတယ်။      ဝမ်တန်ဖိုးက တစ်ဒေါ်လာကိုဝမ် ၁ဝ၅ဝ အထိတက်လာမယ်ဆိုရင် ပြည်တွင်းက အဓိက ပို့ကုန်လုပ်ငန်းကြီး ၉၁ ခုရဲ့ ဆုံးရှုံးငွေဟာ ဝမ် ၅ ဒသမ ၉ ထရီလီယံထိရှိလာနိုင်တယ်လို့ ဆမ်ဆောင်း အီလက်ထရွန်းနစ် သုတေသနဌာနက ခန့်မှန်း ပါတယ်။ ပို့ကုန်လုပ်ငန်း ၅ဝ၄ ခုပါဝင်တဲ့ ကိုရီးယား ကုန်သည်ကြီးများနဲ့ စက်မှုလုပ်ငန်းရှင်များအသင်းကပြုလုပ်တဲ့ စစ်တမ်းအရ ဝမ်ငွေ လဲလှယ်နှုန်း တစ်ဒေါ်လာကို ဝမ် ၁ဝ၅ဝ ကနေ ၁၁ဝဝ အတွင်းရှိ နေရင်အကျိုးအမြတ်ခပ်ပါးပါးရဖို့ အာမခံချက်ရှိ နေသေး တယ်လို့ ကုမ္ပဏီထက်ဝက်ကျော်က ပြောပါတယ်။ အသေးစားလုပ်ငန်းတွေရဲ့ ပြဿနာက ပိုမိုနက်ရှိုင်းပါတယ်။ ''ဇူလိုင်လတုန်းက တစ် ဒေါ်လာကို ဝမ် ၁၂ဝဝ နှုန်းနဲ့ထားပြီး ကျွန်တော်တို့ကန်ထရိုက်စာချုပ်ရထားပါတယ်။သုံးလအတွင်း မှာဝမ်တန်ဖိုးက ၁ဝ ရာခိုင်နှုန်းမြင့်တက်လာတဲ့အတွက် အကျိုးအမြတ်က အကြီးအကျယ် ကျဆင်း သွားပါတယ်''လို့ အိုင်တီကုမ္ပဏီတစ်ခုရဲ့ အမှုဆောင်အရာရှိချုပ်တစ်ဦးက ပြောပါတယ်။        ဝမ်တန်ဖိုးတစ်ဒေါ်လာကို ၁ဝဝဝ အထိရောက်လာရင် ဆောင်ရွက်နိုင်ဖို့အတွက် ကုမ္ပဏီကြီး တွေကလည်း အစီအမံတွေ ချမှတ်ဆောင်ရွက်နေပါတယ်။ မကြာမီကဖြစ်ခဲ့တဲ့ ဝမ်တန်ဖိုးမြင့်တက် မှုက မျှော်လင့်ထားသလောက်သာရှိသေးတယ်။ ဒါပေမယ့်အခြေအနေက ဒီအတိုင်းဆက်ဖြစ်လာ မယ်ဆိုရင် မကောင်းတဲ့အကျိုးဆက်တွေ ဖြစ်လာနိုင်တယ်လို့ ဆမ်ဆောင်းအီလက်ထရွန်းနစ်က ပြောပါတယ်။                                        Source :joongangdaily.com,ဉာဏ်တင်