Main menu

Background

ဝါကျွတ်ခါနီးကာလတွင် ပုံမှန်ထက် အငှားပိုမိုရှိလာ

Tue, 10/19/2010 - 10:10 -- Anonymous (not verified)

ဝါကျွတ်ခါနီးကာလတွင် ပုံမှန်ထက် အငှားပိုမိုရှိလာ      ရန်ကုန်အိမ်ခြံမြေဈေးကွက်အတွင်းဝါကျွတ်ခါနီးကာလတွင် ပုံမှန်အငှား ဈေးကွက်ထက် ပိုမိုအငှားရှိလာကြောင်း အိမ်ခြံမြေ အကျိုးဆောင် ကုမ္ပဏီများ က သိရသည်။     ''ဝါကျွတ်ခါနီပြီးဆိုတော့ အငှားနေ ထိုင်သူအချို့ စာချုပ်ပြည့်ခါနီးလို့ အိမ် ရှာသူတွေ စာချုပ်ပြည့်လို့ အခန်းရှာသူ တွေကြောင့် ပုံမှန်ထက်အငှားလိုက်လာ တယ်လို့ ပြောလို့ရပါတယ်။ ဒါ့အပြင် လုပ်ငန်းသမားတွေကလဲ နေရာရှာလာ ကြာတာတွေ့ရပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီကို ဆရာစံလမ်း ပြည်လမ်းမ ပေါ်နဲ့ ကမ္ဘာအေးစေတီလမ်းမပေါ်တွေ မှာ နေရာကောင်းမယ်၊ ခြံကျယ်မယ်ဆိုရင် ဆိုင်ဖွင့်ဖို့ တစ်လကိုကျပ်သိန်း ၄ဝ အထိ ပေးငှားမယ်ဆိုပြီး နေရာရှာခိုင်း သူတွေလည်း အတော်များများရှိလာ တယ်။ အောက်တိုဘာလအတွင်း လုံး ချင်းအငှားအနေနဲ့ မရမ်းကုန်း၊ ရန်ကင်း၊ ဗဟန်း၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာပ တွေထဲမှာ တစ်လကို ကျပ် ၅ သိန်းက နေ ကျပ်သိန်း ၄ဝ၊ ရန်ကင်း၊ မင်္ဂလာ တောင်ညွန့်နဲ့ ဗဟန်းမြို့နယ်ထဲက ကွန်ဒိုအငှားအနေနဲ့ တစ်လကို အနိမ့် ဆုံး ၇ သိန်းကနေ အမြင့်ဆုံး ကျပ်သိန်း ၄ဝ ထိ တည့်ပြီး အငှားဖြစ်သွားတာ တွေ့ရှိပါတယ်''ဟု တာမွေမြို့နယ် အခြေစိုက် အိမ်ခြံမြေ အကျိုးဆောင် ကုမ္ပဏီတစ်ခုက သတင်းပေးပြောကြား သည်။                                                                                                                                             ခင်မျိုးသွယ်