Main menu

Background

လိုင်စင်သစ်ထုတ်ပေးမှု ရပ်တန့်သွားသော်လည်း လေလံများဆက်၍ ကားဈေးကျဆင်း

Tue, 10/19/2010 - 10:18 -- Anonymous (not verified)

 လိုင်စင်သစ်ထုတ်ပေးမှု ရပ်တန့်သွားသော်လည်း လေလံများဆက်၍ ကားဈေးကျဆင်း      လိုင်စင်မဲ့ကားများ အခွန်ပေးဆောင်ကာ လိုင်စင်သစ်ထုတ်ပေးမှုအား ပြီးခဲ့ သည့်လ နောက်ဆုံးပတ်တွင် ရပ်တန့်ခဲ့ပြီးနောက် စက်တင်ဘာလကုန်နှင့် အောက်တိုဘာလဆန်းပိုင်းတွင် အခွန်ဆောင်ပြီး လိုင်စင်သစ်၊ အက္ခရာသစ် (၄ဂ/၅ဂ) ရရှိပြီးသောကားများ ပြန်လည်ဈေးမာလာသလို ဖြစ်ခဲ့သည်။     ''ယာဉ်ရောင်းဝယ်ရေးစခန်းများ (ကားပွဲစားတန်း)များတွင် မိုဒယ်လ်မြင့် အက္ခရာမြင့်ကားများ အမျိုးစုံစွာ၊ အသွင်စုံစွာ၊ အရောင်အသွေးစုံစွာဖြင့် ပြသ ရောင်းချကြပြီး လူဝင်လူထွက်များလာကာ စည်ကားလာသလိုဖြစ်နေရာမှ ယခု လ ဒုတိယပတ်တွင် စီးရေ ရာကျော် လေလံပွဲထပ်မံကျင်းပမည့်သတင်းများ ပါရှိလာ၍ လိုင်စင်သစ်ရှိပြီးကားများလည်း အရောင်းအဝယ်ပါးလာကာ ဈေးကွက်ထဲရှိနှင့်ပြီးသား အက္ခရာနိမ့်ကားဟောင်းများမှာမူ အရောင်းအဝယ်မရှိ သလောက်ပင်ဖြစ်ခဲ့ကြောင်း သိရပါတယ်။      ကားဈေးကွက်၏ လတ်တလောအခြေအနေမှာ အရောင်းအဝယ်လုပ် ရာတွင် ထိပ်ဆုံးမှရှိနေသည့် လိုင်စင်သစ်ကားများ နည်းနည်းစီ ဈေးဆင်းလာရ သည်မှာ ဝယ်စီးသူအများစုအနေဖြင့် ကားလေလံများထပ်မံစိပ်လာပါက ကား ဈေး ဒီထက်နိမ့်ဆင်းနိုင်သည် ယူဆ၍ တစ်ကြောင်း၊ လိုင်စင်သစ်ကားများ ထောင်ချီ ဝင်ရောက်ခဲ့ပြီး ထိုအထဲတွင် အမှန်အကန်စီးမည့်သူ ထက်ဝက်ခန့် ပါကြောင်း၊ ယင်း၏ထက် ဝက်ခန့်(သို့တည်းမဟုတ်) လေးပုံတစ်ပုံခန့်မှာပြန် ရောင်းရန် လိုင်စင်ယူထားသောကားများဖြစ်ကာ ရောင်းလိုအားနှင့်ဝယ်လိုအားမမျှသဖြင့် ရောင်းလိုသူများပြီး လိုင်စင်သစ်ဖြစ်စေကာမူ ဈေးကျဆင်းလာရခြင်း ဖြစ်ကြောင်း ဝါရင့်ယာဉ်ဝယ်ရောင်းများမှ သုံးသပ်ကြသည်။           ယခုလ တတိယပတ်ခန့် နေပြည်တော်တွင်ပြုလုပ်သည့် လေလံပွဲတွင် လည်း အမြင့်ကားများပါဝင်ကြောင်း ကြားသိရသည်။                                                                                                                                           SN