Main menu

Background

ထိုင်းနိုင်ငံမှ ပို့ကုန်များ ဥရောပဈေးကွက်သို့ တင်ပို့ရေးတွင် ထားဝယ်ရေနက်ဆိပ်ကမ်းကြောင့် အခွင့်အလမ်းကောင်းများရရှိမည်ဟုဆို

Wed, 10/20/2010 - 03:55 -- Anonymous (not verified)

ထိုင်းနိုင်ငံမှ ပို့ကုန်များ ဥရောပဈေးကွက်သို့ တင်ပို့ရေးတွင် ထားဝယ်ရေနက်ဆိပ်ကမ်းကြောင့် အခွင့်အလမ်းကောင်း များရရှိမည်ဟုဆို             အောက်တိုဘာလ ၁၄ ရက်နေ့က ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် မင်္ဂလာခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည့် Asia Agro Marketing Forum တွင် ထိုင်းနိုင်ငံအခြေစိုက် Blue River Products Limited မှ ကူးသန်းရောင်းဝယ်ရေးနှင့် နည်း ပညာဆိုင်ရာ ဒါရိုက်တာ Mr.Soonthorn Sritawee  က Post-harvest Technology in Commercial Use for Fresh Produce  ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ရာ၌ ထိုင်းနိုင်ငံမှ သစ်သီး ဝလံနှင့် ဟင်းသီးဟင်းရွက်များ နိုင်ငံ တကာဈေးကွက်များသို့ တင်ပို့ရောင်း ချလျက်ရှိရာတွင် ထောက်ပံ့ပို့ဆောင် ရေးဆိုင်ရာနှင့်ပတ်သက်၍ ကုန်ကျ စရိတ် ကြီးမားမှု၊ လိုအပ်ချိန်တွင် မရရှိ မှု၊ လုပ်ငန်း သဘောသဘာဝနှင့် မကိုက်ညီမှု စသည့် အခက်အခဲများ ရှိနေကြောင်း၊ သို့သော် အဆိုပါအခက်အခဲများကို မြန်မာနိုင်ငံတွင် တည်ဆောက်မည့် ထားဝက်ရေနက်ဆိပ်ကမ်း ပြီးစီးပါက အဆိုပါဆိပ်ကမ်းမှ တစ်ဆင့် ဥရောပဈေးကွက်နိုင်ငံများသို့ အချိန်တိုအတွင်း ထိရောက်လျင်မြန်စွာ ပို့ဆောင်နိုင်မည်ဖြစ်၍ အခွင့်အလမ်း ကောင်းတစ်ခုဖြစ်ကြောင်း ပြောကြား ခဲ့သည်။ ထို့အပြင် အရှေ့အနောက် စီးပွားရေးစြင်္ကန် (East West Corridor) ၏ အရှေ့ဘက် ဆိပ်ကမ်းမြို့ဖြစ်သော ဗီယက်နမ်နိုင်ငံဒါနန်းကို အသုံး ပြု၍လည်း အရှေ့အာရှဈေးကွက်နိုင်ငံ များသို့ လွယ်ကူလျင်မြန်စွာ ပို့ဆောင်ရောင်းချနိုင်မည့် အခွင့်အလမ်း ရှိမှာ ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။       Blue River  ကုမ္ပဏီသည် ထိုင်းနိုင်ငံမှ လတ်ဆတ်သစ်သီးဝလံနှင့် ဟင်း သီးဟင်းရွက်များအား ဥရောပနှင့်အာရှ ဈေးကွက်များသို့ တင်ပို့ရောင်းချလျက် ရှိသော ကုမ္ပဏီဖြစ်သည်။