Main menu

Background

မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်း မော်လမြိုင်မြို့နယ် အသင်းခွဲ ဖွဲ့စည်းပြီ

Wed, 10/20/2010 - 04:04 -- Anonymous (not verified)

 မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်း မော်လမြိုင်မြို့နယ် အသင်းခွဲ ဖွဲ့စည်းပြီ      မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း၊ မော်လမြိုင်မြို့နယ်အသင်းခွဲ ဖွဲ့စည်း ခြင်း အခမ်းအနားကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံး ရွှေမြိုင်ခန်းမတွင် ၂ဝ၁ဝ ခုနှစ် အောက်တိုဘာလ ၈ ရက်၊ နံနက် ၁ဝး၃ဝ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံဆန်စပါးလုပ်ငန်း အသင်း (ဗဟို) မှ ဒုတိယဥက္ကဋ္ဌ ဦးစိန်ဝင်းလှိုင်နဲ့ ဗဟိုအမှုဆောင်များက ကြီးကြပ်ဆောင် ရွက်ခဲ့ပါတယ်။ အခမ်းအနားကို ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆန် ကုန်သည်များ၊ ဆန်စက်ပိုင်ရှင်များ အပါအဝင် စုစုပေါင်း ၇ဝဦး တက်ရောက်ခဲ့ပါတယ်။      အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်း(ဗဟို) ဒုတိယ ဥက္ကဋ္ဌ ဦးစိန်ဝင်းလှိုင်မှ အသင်းဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားပြီး၊ မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်း၊ မော်လမြိုင် မြို့နယ်အသင်းခွဲကို ကော်မတီဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းပေးခဲ့ပါတယ်။        ဆက်လက်၍ ပြည်နယ်အဆင့် အလုပ်အမှုဆောင် ကိုယ်စားလှယ် ၈ ဦး ထပ်မံရွေးချယ်ပြီးနောက် ရွေးချယ်ခံ ဥက္ကဋ္ဌထံ အသင်းဝင်လျှောက်လွှာများနဲ့ အသင်းဖွဲ့မှတ်တမ်း/ စည်းမျဉ်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။                                                                                                                                       အောင်လွင်