Main menu

Background

မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း အသင်းခွဲဖွဲ့စည်းပြီး

Wed, 10/20/2010 - 04:17 -- Anonymous (not verified)

မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း အသင်းခွဲဖွဲ့စည်းပြီး    မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း အသင်းခွဲကို အောက်တိုဘာ ၈ ရက်နေ့တွင် တောင်ကြီးမြို့ ကုန်စည်ဒိုင် အစည်းအဝေးခန်းမ၌ ဖွဲ့စည်းခဲ့ကြောင်း သိရပါတယ်။ ဖွဲ့စည်းရေး အခမ်းအနားကို မြန်မာ နိုင်ငံဆန်စပါးလုပ်ငန်းအသင်းမှ အထွေထွေအတွင်းရေးမှူးနှင့် မြန်မာ့လယ်ယာ ထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေးတို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များဦးစီးကာ ဆောင်ရွက် ခဲ့ခြင်းဖြစ်ပြီး ဆန်စက်လုပ်ငန်းရှင်များအစုအဖွဲ့၊ ဆန်ကုန်သည်များအစုအဖွဲ့၊ စိုက်ပျိုးထုတ်လုပ်သူများအစုအဖွဲ့တို့ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း တောင်ကြီး၊ ရွှေညောင်၊ လင်းခေး၊ လွိုင်လင်၊ ညောင်ရွှေ၊ ရပ်စောက်၊ ဟိုပုံး၊ ဖယ်ခုံ၊ ဆီဆိုင်၊ ပင်းတယ၊ ရွာငံ၊ ပင်လောင်း၊ ကလော၊ နမ့်စန်၊ လဲချား၊ မိုင်းကိုင်၊ မိုးနဲ၊ မောက်မယ် မြို့နယ်များမှ ကိုယ်စားလှယ်များ အပါအဝင် အလုပ်အမှုဆောင် ၃၉ ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်း ရှမ်းပြည်နယ် တောင်ပိုင်း အသင်းခွဲအနေနဲ့ ဒေသတွင်း မျိုးရိုးဗီဇကျဆင်းနေတဲ့ စပါးမျိုးများကို မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းနှင့် ညှိနှိုင်းပြီး မျိုးစေ့များ ဖြန့်ဖြူးပေးနိုင်ရေးကို ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။                                                                                                                           MAPT တောင်ကြီး