Main menu

Background

ကချင်ပြည်နယ်၏ ကုန်သွယ်မှုအခြေအနေ

Fri, 11/20/2020 - 13:42 -- journal_editor

    ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့် ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုများရှိခဲ့ရာ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၇ရက်မှ ၁၃ ရက်နေ့များအတွင်းတင်ပို့ခဲ့သည့် ကုန်ပစ္စည်းများမှာ တစ်သျှူးငှက်ပျော၊ရော်ဘာ၊ စေ့ထုတ်ပြောင်း၊ သကြားနှင့် ဧည့်မထဆန် များတင်ပို့ခဲ့ကြောင်း သိရှိရသည်။
လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်၏ငွေပမာဏသည် ၃၈၃၉၅၈၅ ကန်ဒေါ်လာဖြစ်ပြီး၊ ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့တင်ပို့ကုန်၏ ငွေပမာဏမှာ ၉၆၄၆၄၁၀ ဒဿမ ဝ၅၇ ဒေါ်လာဖြစ်၍ တင်ပို့ကုန်၏ငွေပမာဏ စုစုပေါင်းတန်ဖိုးမှာ ၁၃၄၈၅၉၉၅ဒဿမ ဝ၅၇ ကန်ဒေါ်လာ တင်ပို့မှုရှိခဲ့သည်။
    သွင်းကုန်ပစ္စည်းများမှာ ဓါတ်မြေဩဇာ၊ လေးဘီးလယ်ထွန်စက်၊ လျှပ်စစ်မော်တော်ဆိုင်ကယ်၊ စတီးလ်ပိုက်၊ပီနန်အိတ်နှင့်ချည်ထည်တို့ဖြစ်ပါသည်။ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံသို့ တင်သွင်းကုန်၏ ငွေပမာဏမှာ ကန်ဒေါ်လာ  ၇၂၉၂၄၂ ဖြစ်ပြီး၊ ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံသို့ အမှန်တင်သွင်းကုန်၏ငွေပမာဏမှာ ကန်ဒေါ်လာ ၅၈၀၅၂ဖြစ်၍ တင်သွင်းကုန်၏စုစုပေါင်းငွေ ပမာဏတန်ဖိုးမှာ ကန်ဒေါ်လာ ၇၈၇၂၉၄တင်သွင်းမှုရှိခဲ့သည်။
    နိုဝင်ဘာလ ၁၃ရက်နေ့အထိ တစ်ဖက်နိုင်ငံတရုတ်ပြည်တွင် ဆန်မာတစ်အိတ်လျှင် ၁၀၈ ယွမ်၊ ဆန်ပျော့ တစ်အိတ်လျှင် ၁၂၆ ယွမ်ဈေးနှင့် စေ့ထုတ်ပြောင်းတစ်အိတ်လျှင် ၇၆ ယွမ်ဈေးပေါက်လျက်ရှိပြီး၊ မြန်မာ ကျပ်ငွေနှင့် တရုတ်ယွမ်ငွေလဲနှုန်းမှာ မြန်မာငွေကျပ် ၁၀ဝ လျှင် တရုတ်ယွမ် သုည ဒဿမ ၅၂၂ယွမ်ဖြစ်ပြီး၊ ၁ ယွမ်လျှင် မြန်မာကျပ်ငွေ ၁၉၁ကျပ်ရှိကြောင်းသိရှိရသည်။

 

    (ဌေးလှိုင်၊ ဦးစီးမှူး )
    မနောမြေကုန်သွယ်မှုဗဟိုဌာန