Main menu

Background

စစ်ကိုင်းတိုင်းဒေသကြီး ဆန်စပါးလုပ်ငန်းအသင်းခွဲ ဖွဲ့စည်းခြင်း အခမ်းအနား မုံရွာမြို့၌ကျင်းပ

Wed, 10/20/2010 - 04:23 -- Anonymous (not verified)

စစ်ကိုင်းတိုင်းဒေသကြီး ဆန်စပါးလုပ်ငန်းအသင်းခွဲ ဖွဲ့စည်းခြင်း အခမ်းအနား မုံရွာမြို့၌ကျင်းပ           မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း စစ်ကိုင်းတိုင်းဒေသကြီး အသင်းခွဲ ဖွဲ့စည်းခြင်း အခမ်းအနားကို အောက်တိုဘာလ ၁၅ ရက်နေ့က မုံရွာမြို့မြစန္ဒာ မင်္ဂလာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးလွင်မှ တက်ရောက်အမှာစကား ပြောကြားခဲ့ကြောင်း သိရပါတယ်။      အဆိုပါ ဖွဲ့စည်းခြင်းအခမ်းအနားကို မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်း (ဗဟို)မှ ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းဦး၊ ဗဟိုအလုပ်အမှုဆောင် ဦးအောင်မြင့်၊ တိုင်း၊ ခရိုင်၊ မြို့နယ်များမှ ဆန်စပါး လုပ်ငန်းအသင်း ကိုယ်စားလှယ်များနဲ့ ဖိတ်ကြား ထားသူများ စုစုပေါင်း ၁၂၂ ဦး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။      ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး ဆန်စပါးလုပ်ငန်းအသင်းခွဲရဲ့ စီမံ ခန့်ခွဲမှု ကော်မတီဝင် ၁၂ ဦးကို ကိုယ်စားလှယ်များမှ မဲစနစ်ဖြင့် အဆိုပြုရွေးချယ်ခဲ့ ကြပြီး ရွေးချယ်ခံရတဲ့ ကော်မတီဝင်များကိုယ်စား ဥက္ကဋ္ဌ၊ ဦးတင်လှိုင်ထံသို့ ဗဟို အလုပ်အမှုဆောင် ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းဦးမှ အသင်းဝင် လျှောက်လွှာများ နှင့် သင်းဖွဲ့မှတ်တမ်းနဲ့ သင်းဖွဲ့စည်းမျဉ်းများအား ပေးအပ်ကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရပါတယ်။                                                                                                                                          ထွန်းလှိုင်