Main menu

Background

ထိုင်းနိုင်ငံ ရေလွှမ်းမိုးမှုကြောင့် ဆန်ထွက်ရှိမှု ၂ဝ ရာခိုင်နှုန်းခန့် လျော့ကျ ဆန်ဈေးနှုန်း မြင့်တက်နိုင်

Mon, 10/25/2010 - 04:35 -- Anonymous (not verified)

 ထိုင်းနိုင်ငံ ရေလွှမ်းမိုးမှုကြောင့် ဆန်ထွက်ရှိမှု ၂ဝ ရာခိုင်နှုန်းခန့် လျော့ကျဆန်ဈေးနှုန်း မြင့်တက်နိုင်   ကမ္ဘာ့ထိပ်တန်းဆန်တင်ပို့တဲ့ ထိုင်းနိုင်ငံမှာ ၄ နှစ်အတွင်း အဆိုးဝါးဆုံး ရေလွှမ်းမိုးမှု ဖြစ်ပေါ်တာကြောင့် နိုင်ငံရဲ့ အဓိက စပါးထုတ်လုပ်မှုမှာ ၂ဝ ရာခိုင်နှုန်းခန့် လျော့ကျနိုင်ပြီး ဆန်ဈေးနှုန်းမှာလည်း ဆက်လက်မြင့်တက် ဖွယ်ရှိတယ်လို့ ထိုင်းဆန်စက် လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဌ Banjong Tungjitwattanakun  မှ ပြောကြား ပါတယ်။ မနှစ်က အဓိကစပါးရာသီမှ ဆန်တန်ချိန် ၂၃ ဒသမ ၃ သန်းထွက်ရှိခဲ့တယ်လို့ စိုက်ပျိုးရေးဆိုင်ရာ စီးပွားရေးရုံးမှ ပြောကြားပါတယ်။ ယခုနှစ်တော့ ဆန်တန်ချိန် သန်း ၂ဝ အောက်ကျဆင်းနိုင်တယ်လို့ ဆိုပါတယ်။       မုန်တိုင်းများကြောင့် ထိုင်းမှာ သီးနံှများပျက်စီးခဲ့သလို ပါကစ္စတန်နဲ့ ဖိလစ်ပိုင်တို့မှာလည်း ရေလွှမ်းမိုးမှု တွေကြောင့် ကမ္ဘာ့ဆန်ရောင်းချမှုကို လျော့ကျစေနိုင်ပါတယ်။ ချီကာကိုမှာ ဆန်ဈေးဟာ ယခုနှစ်ဇွန်လ ၃ဝ ရက်မှာ ဈေးအနိမ့်ဆုံးဖြစ်ခဲ့ရာမှ ဝယ်လိုအားတွေတက်လာတာကြောင့် ၄၅ ရာခိုင်နှုန်းခန့်မြင့်တက်ခဲ့ပါတယ်။         ဆန်ပမာဏများများစားစား ရောင်းချမှုနည်းလာခြင်းက ထိုင်းဆန်ဈေး တစ်တန်ကို ကန်ဒေါ်လာ ၂ဝ-၃ဝ ဝန်းကျင်မြင့်တက်စေခဲ့ပြီး တစ်ပြိုင်နက် ကမ္ဘာ့ဆန်ဈေးလည်း မြင့်တက်ခဲ့တယ်လို့ Banjong  က ဆိုပါတယ်။ စပါးရိတ်သိမ်းမှု စတင်တာနဲ့ ဝယ်လက်တွေကလည်း ဈေးကွက်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့တာကြောင့် နိုဝင်ဘာလအစပိုင်းလောက်မှာ ဈေးအမြင့်ဆုံးကို ရောက်ရှိနိုင်တယ်လို့လည်း ဆိုပါတယ်။ အာရှအခြေခံစံနှုန်းဖြစ်တဲ့ ထိုင်းဆန်ဈေးဟာ ဇူလိုင်လကထက် ၁၁ ရာခိုင်နှုန်းမြင့်တက်ပြီး လက်ရှိ တစ်တန်ကို ကန်ဒေါ်လာ ၅၁ဝ ဈေးဖြစ်နေတယ်လို့ ထိုင်းဆန်တင်ပို့သူများအသင်းက ဆိုပါတယ်။ ရေနစ်မြုပ်လို့ သီးနံှပျက်စီး          ထိုင်းနိုင်ငံအလယ်ပိုင်း၊ မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းပြည်နယ်များရဲ့ အဓိကစိုက်ပျိုးရာဒေသတွေမှာ ရေလွှမ်းမိုးမှုကြောင့် သီးနံှများပျက်စီးခဲ့ရပြီး အချို့ဆန်စက်များလည်း ရေနစ်မြုပ်ခဲ့သလို သိုလှောင်ဆန်များလည်း ပျက်စီးခဲ့တယ်လို့ Banjong  က ဆိုပါတယ်။ ထိုင်းနိုင်ငံဟာ တစ်နှစ်ကို ၂ သီး အဓိကစိုက်ပျိုးပြီး အဓိက စပါးရိတ်သိမ်းမှုဟာ အောက်တိုဘာလနှောင်းပိုင်းမှ ဧပြီလအထိဖြစ်ပြီး နိုင်ငံဆန်ထုတ်လုပ်မှုရဲ့ ၇၅ ရာခိုင်နှုန်းခန့် ရှိတယ်လို့ ဆိုပါတယ်။ ယခုနှစ် ထိုင်းဆန်တင်ပို့မှုဟာ ရည်မှန်းတန်ချိန် ၈ ဒသမ ၅ သန်းကို ပြည့်မီဖွယ်ရှိတယ်လို့ စီးပွားကူးသန်းဝန်ကြီး Porntive Nakasai  က ပြောကြားကြောင်း သိရပါတယ်။အဆိုးဝါးဆုံးရေလွှမ်းမိုးမှုများ         ကမ္ဘာ့အများဆုံး ဆန်တင်သွင်းတဲ့ ဖိလစ်ပိုင်မှာလည်း အဓိကစပါးစိုက်ပျိုးတဲ့ အချို့ဒေသတွေမှာ တိုင်ဖုန်းမီဂီကြောင့်ဆန်တန်ချိန် ၆ သိန်းခန့် ဆုံးရှုံးနိုင်တယ်လို့ အောက်တိုဘာလ ၁၈ ရက်နေ့က စိုက်ပျိုးရေး ဒုတိယဝန်ကြီး Antonio Fleta က ပြောကြားပါတယ်။ လွန်ခဲ့တဲ့လက ပါကစ္စတန်မှာ ရေလွှမ်းမိုးခြင်းကလည်း ဆန်တန်ချိန် ၂ ဒသမ ၃၉ သန်းခန့်ပျက်စီးခဲ့တယ်လို့ စက်တင်ဘာလ ၂၈ ရက်နေ့က လယ်ယာစိုက်ပိုျးရေးဝန်ကြီး Nazar Muhammad Gondal  ကပြောကြားပါတယ်။          စတုတ္ထအများဆုံး ဆန်တင်ပို့တဲ့ အမေရိကန်ကလည်း ၎င်းရဲ့ ရည်မှန်းဆန်အထွက်နဲ့ လွဲချော်ပြီး ၁ဝ ရာခိုင်နှုန်းခန့်လျော့ကျနိုင်တာကြောင့် ဆန်ပေါင် ၁ဝဝ ကို ကန်ဒေါ်လာ ၁၇ (တစ်တန်ကို ကန်ဒေါ်လာ ၃၇၈) ထိဈေးမြင့်တက်ခဲ့တယ်လို့အမေရိကန် ဆန်ထုတ်လုပ်သူများအသင်း ဥက္ကဌDwight A Roberts က အောက်တိုဘာလ ၁၂ ရက်က ပြောကြားပါတယ်။ယခုနှစ် လာနီညာရာသီဥတုကြောင့် သြစတြေးလျနဲ့ ထိုင်းအပါအဝင် အာရှနိုင်ငံအချို့တို့မှာ ပုံမှန်ထက် မိုးပိုမိုခဲ့ပြီးယခုနှစ်ကုန်ပိုင်းထိ ယခုလို ရာသီဥတုပြင်းထန်ဖွယ် ရှိတယ်လို့ ထိုင်းနိုင်ငံ မိုးလေဝသဌာနက ပြောကြားကြောင်း သိရပါတယ်။လမင်းSources: bloonberg.com