Main menu

Background

အင်ဒိုနီးရှားအစိုးရမှ ဆန်တန်ချိန် ၃ သိန်း တင်သွင်းခွင့်ပြု

Mon, 10/25/2010 - 04:43 -- Anonymous (not verified)

 အင်ဒိုနီးရှားအစိုးရမှ ဆန်တန်ချိန် ၃ သိန်း တင်သွင်းခွင့်ပြု      အင်ဒိုနီးရှားအစိုးရက အမျိုးသားထောက်ပံ့ပို့ဆောင်ရေး အေဂျင်စီ (Bulog )  ကို အောက်တိုဘာလမှာ ဆန်တန်ချိန် ၃ သိန်း တင်သွင်းခွင့်ပြုခဲ့ကြောင်း ကုန်သွယ်ရေးဒုတိယဝန်ကြီးက ပြောကြား ခဲ့ပါတယ်။ Bulog က ဆန်ပိုမိုတင်သွင်းမှာဖြစ်ပြီး အချိန်ကာလ အလိုက် ပမာဏကိုတော့ ဝန်ကြီးကမပြောခဲ့ပါဘူး။ ယခုတင်သွင်းမှု ဟာ အစိုးရရဲ့ ဆန်သိုလှောင်မှုအတွက် ရည်ရွယ်ကြောင်းနဲ့ အစိုးရ အနေနဲ့ ဆန်ဈေးတည်ငြိမ်အောင် ထိန်းသိမ်းဖို့အတွက် တန်ချိန် ၁ ဒသမ ၅ သန်း သိုလှောင်ဖို့ လိုအပ်ကြောင်း ဆက်လက် ပြောကြား ခဲ့ပါတယ်။ ယခုလအစောပိုင်းမှာ ထိုင်းနဲ့ဗီယက်နမ်ကနေ ဆန် တင်သွင်းမှာ ဖြစ်ကြောင်း Bulog  ရဲ့ အကြီးအကဲက ပြောကြားခဲ့ပါတယ်။                                                                                                                                                                          Sources: Jakarta Post