Main menu

Background

အိန္ဒိယပဲစင်းငုံ တစ်လအတွင်း ကန်ဒေါ်လာ ၁ဝဝ ခန့်ကျဆင်း

Mon, 10/25/2010 - 04:51 -- Anonymous (not verified)

အိန္ဒိယပဲစင်းငုံ တစ်လအတွင်း ကန်ဒေါ်လာ ၁ဝဝ ခန့်ကျဆင်း     အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ မိုးပဲအသစ်တွေ ဝင်ရောက်လာနေပြီ ဖြစ်တာရယ်၊ အထွက်မြင့်တက်မယ့် မျှော်မှန်းချက်တွေရယ်အပြင် ပဲစင်းငုံကို အဝယ်နည်းတာတွေရယ်ကြောင့် စက်တင်ဘာလ ၂၁ ရက်မှ အောက်တိုဘာလ ၂၁ ရက်အတွင်း တစ်တန်ကို ကန်ဒေါ်လာ ၁ဝဝ ခန့်ကျဆင်းလာတာတွေ့ရပါတယ်။ ပဲစင်းငုံအများဆုံးစိုက်ပျိုးတဲ့ ကာနာတာကာမှာ ရာသီဥတုကောင်းမွန်နေခြင်းက လည်း ပဲစင်းငုံအပင်များ တိုးတက်နေတာကြောင့် အထွက်နှုန်းတိုးတက်မယ်လို့ ခန့်မှန်းထားကြပါတယ်။ ပဲစင်းငုံအသစ်ဈေးကွက်တွေထဲ ဝင်ရောက်လာခြင်းမရှိမီ တန်ဇန်းနီးယားက တင်သွင်းပဲများ ဝင်ရောက်လာတာကြောင့် ရောင်းအားများနေ တာမို့ ကာလတိုအတွင်းလည်း ဈေးနှုန်းလျော့ကျအုံးမယ်လို့ ခန့်မှန်းကြပါတယ်။                                                                                                                                ဒေါ်လာ/တန်                       မွန်ဘိုင်းဈေးကွက်              မွန်ဘိုင်း (C & F)၂၁-၁ဝ-၁ဝ            ၆၈၂-၆၈၈                           ၈ဝဝ၂၁-၉-၁ဝ                  ၇၈၇                              ၈၂ဝMIRT(MAPT)