Main menu

Background

အောင်လံကုန်စည်ဒိုင်တွင် ကုလားပဲ(HL)စျေးအနည်းငယ်ကျဆင်း

Thu, 12/10/2020 - 16:13 -- journal_editor

          မ‌ကွေးတိုင်းဒေသကြီးအတွင်း အောင်လံကုန်စည်ဒိုင်နှင့် ပွဲရုံများတွင် ပဲမျိုးစုံတို့ဝင်ရောက်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကုလားပဲ(HL)များဝင်ရောက်လာပြီး အရည်အသွေးနှင့်ဝယ်လိုအား ကြောင့် စျေးအနည်းငယ် ကျဆင်းလျှက်ရှိပါသည်။ အောင်လံကုန်စည်ဒိုင်တွင် ယခုအပတ် (၁၀.၁၂.၂၀၂၀)ရက်နေ့တွင် ကုလားပဲ(HL)၂၀ပိဿာ(၁)တင်းလျှင် ၂၈၅ဝဝ ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

          ယခင်(၆.၁၂.၂၀၂၀)ရက်နေ့တွင် ကုလားပဲ(HL) ၂၀ပိဿာ (၁)တင်းလျှင် ၂၉၅ဝဝ ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ (၆.၁၂.၂၀၂၀)ရက်နေ့နှင့်နှိုင်းယှဉ်ပါက ကုလားပဲ(HL) ၂၀ ပိဿာ(၁)တင်းလျှင် ၁၀ဝဝ ကျပ်ဈေးကျလျက် ရှိကြောင်း ကုန်စည်ဒိုင်သတင်းအရ သိရှိရသည်။

 

         

                                                                                                     လှမိုးခိုင်

                                                                                      (ဖန်ခါးမြေကုန်သွယ်မှုဗဟိုဌာန)