Main menu

Background

အောင်လံကုန်စည်ဒိုင်တွင် မြေပဲလုံးဆံနီစျေးကျ

Thu, 12/10/2020 - 16:14 -- journal_editor

မ‌ကွေးတိုင်းဒေသကြီးအတွင်း အောင်လံကုန်စည်ဒိုင်နှင့် ပွဲရုံများတွင် ပဲမျိုးစုံတို့ဝင်ရောက်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ မြေပဲလုံးဆံနီများဝင်ရောက်လာပြီး အရည်အသွေးနှင့် ဝယ်လိုအား ကြောင့်စျေးများ အနည်းငယ်ကျဆင်း လျက်ရှိပါသည်။ အောင်လံကုန်စည်ဒိုင်တွင် ယခုအပတ် (၉.၁၂.၂၀၂၀)ရက်နေ့တွင် မြေပဲလုံးဆံနီ ၁ပိဿာလျှင် ၂၈၀၀ ကျပ်ဈေးဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။

          ယခင်အပတ်(၆.၁၂.၂၀၂၀)ရက်နေ့တွင် မြေပဲလုံးဆံနီ ၁ပိဿာလျှင် ၂၈၅ဝ ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ(၆.၁၂.၂၀၂၀)ရက်နေ့နှင့်နှိုင်းယှဉ်ပါက မြေပဲလုံးဆံနီ၁ပိဿာလျှင် ၅၀၀ ကျပ်ဈေးဖြင့် အနည်းငယ်စျေးကျဆင်း လျက်ရှိကြောင်း ကုန်စည်ဒိုင်သတင်းအရ သိရှိရပါသည်။

 

         

      လှမိုးခိုင်

     (ဖန်ခါးမြေကုန်သွယ်မှုဗဟိုဌာန)