Main menu

Background

ရေလိုက်ကြဲစနစ်နဲ့ စိုက်တဲ့ မင်းလှမတ်ပဲ

Mon, 10/25/2010 - 05:06 -- Anonymous (not verified)

ရေလိုက်ကြဲစနစ်နဲ့ စိုက်တဲ့ မင်းလှမတ်ပဲ          ပဲခူးတိုင်းဒေသကြီးအနောက်၊ မင်းလှမြို့နယ်မှာ မတ်ပဲကိုစိုက်ပျိုးနေပြီလို့ သိရပါတယ်။ မင်းလှ ပတ်ဝန်းကျင် ရွာများမှာ မတ်ပဲ၊ ပဲပုပ်တို့ကို သီတင်းကျွတ် လဆန်းပိုင်းမှာ ပဲစတင်စိုက်ပျိုးကြပြီး၊ စပါးမစိုက်နိုင်တဲ့ မြစ်နား ချောင်းနားနီးတဲ့ ရေလံျှကွင်းတွေမှာရေတက်ပြီး ပြန်ကျသွားတဲ့အချိန် တင်ကျန်ခဲ့တဲ့ နုန်းတင်မြေမှာ ရေလိုက်ကြဲနည်းနဲ့ စိုက်ပျိုးကြတယ်လို့သိရပါတယ်။ ယခုနှစ်စိုက်ပျိုးပြီးတဲ့ဧက လေး ထောင်ခန့် ရှိတယ်လို့ သိရပါတယ်။ မတ်ပဲစိုက်ချိန် စောပြီး အထွက်လည်းစောမှာ ဖြစ်လို့ နတ်တော်လမှာ ပဲစပေါ်မယ်လို့သိရပါတယ်။                                                                                                                                         မိမိအေး