Main menu

Background

ပင်လယ်ရေကြောင်းကမြေထောက် တန် ၈ဝဝ ကျော်ထိ တင်

Mon, 10/25/2010 - 05:10 -- Anonymous (not verified)

ပင်လယ်ရေကြောင်းကမြေထောက် တန် ၈ဝဝ ကျော်ထိ တင်      ယခုတစ်ပတ် (အောက်တိုဘာလ ၁၄ ရက်မှ ၂ဝ ရက်နေ့)အတွင်း ပင်လယ်ရေကြောင်းကနေ မြေထောက်ပဲ တန်ချိန် ၈ဝဝ ကျော်ထိ စံချိန်တင် တိုးတက်တင်ပို့တာတွေ့ရပါတယ်။ ဒီနှစ် မှာ ထူးထူးခြားခြား ရုရှားကို တင်ပို့တဲ့ ပမာဏများတာ တွေ့ရသလို ပုံမှန် အဝယ်ရှိတဲ့ စင်ကာပူ၊ မလေးရှား၊ အိန္ဒိယတို့ကိုလည်းခပ်သွက်သွက် တင်ပို့ နေတာ တွေ့ရပါတယ်။ ယခင်သီတင်း ပတ်ကလည်း တန် ၅ဝဝ နီးပါး တင်ပို့ခဲ့ တာဖြစ်လို့ ယခုအောက်တိုဘာလ မြေ ထောက်ပဲအတင် ယခင်လတွေထက် သိသိသာသာပိုမယ်လို့ခန့်မှန်းရပါတယ်။       တင်ပို့မှု တိုးတက်သလို ရန်ကုန် FOB  ဈေးနဲ့ အိန္ဒိယ မွန်ဘိုင်းဈေး များလည်း မြင့်တက်လာတာ တွေ့ ရပါတယ်။                          ၂၂-၁ဝ-၁ဝ           ၁၄-၁ဝ-၁ဝရန်ကုန်                   ၆၆ဝ-၆၇ဝ            ၆၃ဝ-၆၄ဝ(FOB)အိန္ဒိယမွန်ဘိုင်း         ၈၃၅                       ၇၇၉(Unpolished)အိန္ဒိယမွန်ဘိုင်း          ၈၈ဝ                      ၈ဝ၂(polished)                                                                                                                         MIRT(MAPT)