Main menu

Background

ရော်ဘာနှင့် မတ်ပဲ ဈေးကျနေပြီး ဆန်၊ သစ်သီးဝလံနှင့် ရေထွက်ကုန်များ ဈေးနှုန်းတည်ငြိမ်နေသည့် မော်လမြိုင်ကုန်စည်ဒိုင်

Tue, 12/15/2020 - 12:27 -- journal_editor

၂၀၂၀ ဒီဇင်ဘာ ၁၄ ရက် မော်လမြိုင်ကုန်စည်ဒိုင်၏ ကုန်ဈေးနှုန်းပေါက်ဈေးများမှာ ရာဘာ R.S.S-3 တစ်ပေါင် ကျပ် ၇၄၀၊ ၁၀၈ ပေါင်(ဆန်သား၉၀%) ဆန်(သစ်)တစ်အိတ် ဈေးနှုန်းမှာ ဧည့်မထ ကျပ် ၂၅၅၀၀၊ ပေါ်ဆန်း ကျပ် ၃၅၀၀၀၊ ၂၀ ပိဿာဝင် ပဲတစ်တင်းဈေးနှုန်းများမှာ ပဲတီစိမ်း ကျပ် ၃၆၀၀၀၊ မတ်ပဲ ကျပ် ၃၃၇၀၀၊ ပဲလွန်းဖြူ ကျပ် ၃၄၀၀၀၊ ဘိုကိတ် ကျပ် ၂၆၅၀၀၊ ပဲပုတ် ကျပ် ၂၁၀၀၀၊ မြေပဲ ၆၁၀၀၀ ကျပ်၊ သစ်သီးဝလံမှ ကျွဲကောသီး ပန်းရောင်လက္ကားဈေး တစ်လုံး ကျပ် ၁၅၀၀ မှ ၄၀၀၀၊ ကျွဲကောသီးအဖြူရောင် လက္ကားဈေး တစ်လုံး ကျပ် ၁၀၀၀ မှ ၂၅၀၀၊ ဒူးရင်းသီး(ဒေသမျိုး) တစ်လုံး ကျပ် ၂၀၀၀ မှ ၄၀၀၀၊  မင်းဂွတ်သီး တစ်လုံး ၅၀ မှ ၁၅၀ ကျပ်၊ ရေထွက်ကုန်တစ်ပိဿာ(အလတ်စ)ဈေးနှုန်းမှာ ငါးဒန် ကျပ် ၂၄၀၀၊ ငါးမြစ်ချင်း ကျပ် ၃၀၀၀၊ ငါးဖားမ ကျပ် ၂၂၀၀၊ တီလားဗီးရား ကျပ် ၃၅၀၀၊ ငါးပုတ်သင် ကျပ် ၄၀၀၀၊ ငါးပုဏ္ဏား(ထီး) ကျပ် ၈၀၀၀၊ ကကတစ် ကျပ် ၈၀၀၀၊ ငါးသလောက်(အာနီ) ကျပ် ၁၅၀၀၀၊ ကင်းမွန်ကျပ် ၅၅၀၀ မှ ၈၅၀၀၊ ပုဇွန်ပျော့ ကျပ် ၁၇၀၀၀ မှ ၂၂၀၀၀၊ ရေချိုပုဇွန်ထုပ်(စိမ်း) ကျပ် ၂၅၀၀၀ မှ ၃၈၀၀၀၊ ဂဏန်း(ပန်း) ကျပ် ၃၅၀၀ မှ ၇၀၀၀ အသီးသီး ဖြစ်ပေါ်နေကြောင်း သိရှိရသည်။

ယခင်ပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက R.S.S-3 ရာဘာတစ်ပေါင်၄၀ကျပ်၊ မတ်ပဲတစ်တင်း ၁၀၀ကျပ် ဈေးနှုန်းကျဆင်းနေပြီး ကျန်ပဲများမှာ ဈေးနှုန်းတည်ငြိမ်နေကြောင်း၊ ဆန်၊ သစ်သီးဝလံ များနှင့် ရေထွက်ကုန်များမှာ ဈေးနှုန်း အတက်/အကျ ပြောင်းလဲမှုမရှိကြောင်း မော်လမြိုင် ကုန်စည်ဒိုင်မှ သတင်းရရှိပါသည်။

ဝင်းမြတ်၊ ရာမညကုန်သွယ်မှုဗဟိုဌာန