Main menu

Background

ဈေးမာလာတဲ့ မန်းမြေထောက်

Mon, 10/25/2010 - 05:12 -- Anonymous (not verified)

ဈေးမာလာတဲ့ မန်းမြေထောက်        မြေထောက်ပဲကို မန်ဈေးကွက်အတွင်း အောက်တိုဘာလ ဒုတိယပတ် ထက် ယခုတတိယပတ်မှာ ဈေးမြင့်ရောင်းဝယ်နေကြပါတယ်။ ရန်ကုန်ဝယ် လိုအားရှိနေတဲ့အတွက် ဈေးမြင့်လာတာဖြစ်တယ်လို့ မြေထောက်ကုန်သည် တို့ကပြောပါတယ်။ အောက်တိုဘာလဒုတိယပတ်မှာ မြေထောက်ပဲတစ်ပိ ဿာ ၈၇ဝ ကျပ် (တစ်တန် ၅၃၂၇ဝဝ ကျပ်)ဈေးနဲ့ ရောင်းဝယ်ခဲ့ကြပြီး၊ ယခု တတိယပတ်မှာတော့ တစ်ပိဿာ ၉၂၆ ကျပ် (တစ်တန် ၅၆၇ဝဝဝ ကျပ်)နဲ့ ဈေးမြင့်ရောင်းဝယ်နေကြပါတယ်။ ရောင်းဝယ်မှုအနေနဲ့ တစ်ပတ်အတွင်း ၅၄ ပိဿာဝင် အိတ် ၁ဝဝဝ ခန့် အရောင်းအဝယ်ရှိကြောင်း သိရပါ တယ်။                                                                                                                                    ကျော်ကျော်မိုး