Main menu

Background

မန်းပဲတီစိမ်းကို တရုတ်ဝယ်လက် ဆွဲအားကောင်း

Mon, 10/25/2010 - 05:52 -- Anonymous (not verified)

မန်းပဲတီစိမ်းကို တရုတ်ဝယ်လက် ဆွဲအားကောင်း       ယခုတစ်ပတ် မန်းဈေးကွက်တွင် ပဲတီစိမ်းကို တရုတ်ဝယ်လက်မှ ဆွဲအားကောင်းနေတဲ့အတွက် အရောင်းသွက်နေပြီး ဈေးမြင့်လာတာကို တွေ့ရပါတယ်။ ဈေးကွက်အတွင်းသို့ မကွေး၊ အောင်လံတို့မှ ထွက်ရှိတဲ့ ပဲတီစိမ်းအသစ်များ အနည်းငယ်သာ ဝင်ရောက်မှုရှိနေပါတယ်။ ဈေးကွက်အတွင်းမှာ ရောင်းဝယ်အားအကောင်းဆုံး သီးနံှတစ်ခုဖြစ်သလို အောက်တိုဘာလ ဒုတိယပတ်ထက် ဈေးမြင့်ပြီး ရောင်းဝယ်နေကြတာကို တွေ့ရပါတယ်။ အောက်တိုဘာလ ဒုတိယပတ်မှာ ပဲတီစိမ်းထိပ်စ တစ်ပိဿာ ၁၃၃၃ ကျပ်၊ တစ်တန် ၈၁၆၃ဝဝ ကျပ်ဈေးဖြင့်သာ ရောင်းဝယ်ခဲ့ကြပြီး၊ ယခုတစ်ပတ်မှာတော့ ပဲတီစိမ်း ထိပ်စ တစ်ပိဿာ ၁၅၆၄ ကျပ်၊ တစ်တန် ၉၅၈ဝဝဝ ကျပ်ဈေးတို့ဖြင့် ဈေးမြင့်ပြီးရောင်းဝယ်နေကြပါတယ်။ တင်ပို့မှုအနေနဲ့ တရုတ်ကို တစ်ပတ်အတွင်း ၁၃ဝဝ တန်၊ ရန်ကုန်ကို ၇၇ဝ တန်တင်ပို့မှုရှိခဲ့ပါတယ်။ တရုတ်ဝယ်လက်မှ ဝယ်လိုအားကောင်းနေတဲ့အတွက် ပဲတီစိမ်းဈေးကွက် ဈေးဆက်လက်မာနေဦးမယ်လို့ ကုန်သည်တချို့က ခန့်မှန်းပြောဆိုနေကြကြောင်း သိရပါတယ်။                                                                                                                                   ကျော်ကျော်မိုး