Main menu

Background

ပြည်ပဲတီစိမ်းလည်း အရောင်းသွက် ဈေးကောင်းရ

Mon, 10/25/2010 - 06:23 -- Anonymous (not verified)

 ပြည်ပဲတီစိမ်းလည်း အရောင်းသွက် ဈေးကောင်းရ       အောက်တိုဘာ တတိယပတ်မှာ ပဲတီစိမ်းကို တရုတ်ဝယ်လက်မှ ဆွဲအားကောင်းနေတဲ့အတွက် အရောင်းသွက်နေပြီး ဈေးမြင့်လာတာကိုတွေ့ရပါတယ်။ မုံရွာပဲတီစိမ်းကြီးသစ် ဈေးကောင်းရ တစ်ရက်ကို အိတ် ၄ဝ၊ ၅ဝ အထိဝင်ရောက်လျက်ရှိပါတယ်။ ဒေသတွင်းထွက်ရှိတဲ့ မိုးပဲတီစိမ်း များကတော့ ဝင်ရောက်မှုမရှိတော့ဘဲ လက်ကျန်ပဲများသာ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဈေးနှုန်းမှာ တစ်တင်းကို ၂၄ဝဝဝ ကျပ်ဖြင့် ယခင်အပတ်ကထက် ၁ဝဝဝ ကျပ်ခန့်ဈေးမြင့်လာခဲ့ပါတယ်။ အရောင်းအဝယ်ဖြစ်မှုအနေဖြင့် အရောင်းသွက်တဲ့ရက်ဆိုရင် အိတ် ၂ဝဝ ကျော်ထိအရောင်းအဝယ်ဖြစ်ခဲ့ကြပါတယ်။ ယခုတစ်ပတ်အတွင်း အသစ်ဝင်ရောက်လာတဲ့ ပဲတီစိမ်းအမျိုးအစားကတော့ အရည်အသွေးကောင်းတဲ့အတွက် တစ်တင်းကို ၂၅ဝဝဝ ကျပ်ဖြင့် ဈေးကောင်းရရှိနေတယ်လို့ သိရပါတယ်။                                                                                                                                 ခင်ဆွေဝင်း