Main menu

Background

ဈေးမြင့် အရောင်းသွက်လာတဲ့ မန်းကုလားပဲ

Mon, 10/25/2010 - 06:21 -- Anonymous (not verified)

 ဈေးမြင့် အရောင်းသွက်လာတဲ့ မန်းကုလားပဲ     မန်းကုလားပဲဈေးကွက်မှာ ယခုတစ်ပတ်မှာလည်း ဒေသတွင်း ပဲခွဲစက် လုပ်ငန်းရှင်များမှ ဝယ်လိုအား ကောင်းနေတဲ့အတွက် ယခင်တစ်ပတ်ထက် ဈေးမြင့် လာပြီး အရောင်းသွက်နေကြပါတယ်။ အောက်တိုဘာလ ဒုတိယပတ်မှာ ကုလားပဲဖြူလုံးကြီးတစ်ပိဿာ ၁၁ဝဝ ကျပ် (တစ်တန် ၆၇၃၆ဝဝ ကျပ်) ၊ ကုလားပဲ (တိုင်ပေ) တစ်ပိဿာ ၁ဝ၄၈ ကျပ် (တစ်တန် ၆၄၁၇ဝဝ ကျပ်)ဈေးတို့နဲ့သာ ရောင်း ဝယ်ခဲ့ရာမှ ယခုအောက်တိုဘာ တတိယပတ်မှာ ကုလားပဲဖြူလုံးကြီး တစ်ပိဿာ ၁၁၈၈ ကျပ် (တစ်တန် ၇၂၇၅ဝဝ ကျပ်)၊ ကုလားပဲ (တိုင်ပေ) တစ်ပိဿာ ၁၁၃၈ ကျပ်(တစ်တန် ၆၉၆၉ဝဝ ကျပ်) ဈေးတို့နဲ့ ဈေးမြင့်လာပြီး ရောင်းဝယ်နေကြပါတယ်။ ဒေသတွင်း ပဲခွဲစက်လုပ်ငန်းရှင်တို့ ဝယ်လိုအားရှိသလို ရန်ကုန်ဝယ်လက် အချို့မှ လည်း ဝယ်ယူမှုရှိနေတာကြောင့် ဈေးမြင့်လာတာဖြစ်တယ်လို့ ရောင်းဝယ်နေကြတဲ့ ကုန်သည်အချို့က ပြောပါတယ်။                                                                                                                                  ကျော်ကျော်မိုး