Main menu

Background

ကျောက်မဲမြို့နယ်အတွင်းရှိ စပါး၊ ပဲပုပ်၊ ပြောင်းနှင့် ဂျုံသီးနှံများ၏ ဈေးကွက်

Tue, 02/02/2021 - 14:21 -- journal_editor

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင် ကျောက်မဲ မြို့နယ် ပိန္နဲကုန်းကျေးရွာအုပ်စု ပကာရွာရှိ တောင်သူဦးကံပေါ် နှင့်တွေ့ဆုံ၍  ရွာတွင်အဓိကစိုက်ပျိုးလျက်ရှိသော သီးနှံများ နှင့်စပ်လျဉ်းပြီး  ဈေးနှုန်း  ဈေးကွက် အခြေအနေများ စိုက်ပျိုး ထွက်ရှိမှုနှင့် ရောင်းချနေမှု  အခြေအနေများကို မေးမြန်းခဲ့ရာ တောင်သူဦးကံပေါ်မှ ၎င်းတို့ရွာတွင် လက်ရှိ အဓိကစိုက်ပျိုး လျက်ရှိသော စပါးမျိုးမှာ DU-16 မျိုးဖြစ်ကြောင်း၊ စိုက်ပျိုး ကာလမှာ သြဂုတ်လပထမပတ်မှစတင်ပြီး နိုဝင်ဘာလနောက် ဆုံးပတ်တွင် ရိတ်သိမ်းကြောင်းသိရှိရသည်။ စပါးစိုက်တောင်သူ အများစုမှာ ဒေသခံ၊ နယ်ခံလုပ် သားများမဟုတ်ဘဲ မြန်မာပြည်အလယ်ပိုင်း မြင်းခြံမြို့နယ် ဘက်မှ အလုပ်အကိုင်ရှားပါးမှုကြောင့် လာရာက်လုပ်ကိုင် သူများဖြစ်ပြီး လုပ်သားငှားရမ်းခမှာ  ပုတ်ပြတ် တစ်ဧကလျှင် ကျပ် ၁၂၀ဝ၀ နှုန်းဖြင့်  ငှားရမ်းစိုက်ပျိုးကြကြောင်း သိရှိရ သည်။ တစ်ဧကအထွက်နှုန်းအနေဖြင့် တင်း ၁၂၀ ခန့်ထွက်ရှိ ပြီး ကာလပေါက်ဈေး တစ်တင်းလျှင် ကျပ် ၁၁၀ဝ၀ မှ ကျပ် ၁၂၀ဝ၀ အထိ ဈေးရရှိကြောင်း သိရှိရသည်။ ကျောက်မဲမြို့ နယ်၏  စပါးဈေးကွက်မှာ စပါးထွက်ရှိပြီးနောက် မြို့တွင်းရှိ ဆန်စက်များသို့ ကြိတ်ခွဲရန်ပေးပို့ရောင်းချလျက်ရှိပြီး ကာလ ပေါက်ဈေးအရ အမြတ်အစွန်း အနည်းများ ကွာခြားမှုရှိသည်။ စပါးသီးနှံချိန်ပြီးဆုံးလျှင်  ပဲပုပ်ကို အဓိကစိုက်ပျိုးကြသည်။ ရံဖန်ရံခါတွင် ပြောင်း သို့မဟုတ်  ဂျုံကို အခြေအနေအချိန် အခါအလိုက် အစားထိုး ပြောင်းလဲစိုက်ပျိုးကြကြောင်း သိရှိရ သည်။
ပဲပုပ်ကို မိုးစပါး ရိတ်သိမ်းပြီးချိန်တွင် စိုက်ပျိုးကြပြီး ပဲပုပ်မျိုးမှာ ဒေသမျိုး တာလျန်မျိုးဖြစ်ကြောင်းသိရှိရသည်။ မျိုးစေ့ဈေးနှုန်းမှာ တစ်ပြည်လျှင် ကျပ်၂၀ဝ ခန့်ဖြစ်ပြီး ပဲပုပ် ဈေးနှုန်းမှာ ပိဿာ ၆၀ ပါ တစ်အိတ်လျှင် ကာလပေါက်ဈေး ကျပ် ၅၃၀ဝ ခန့်ရှိကြောင်းသိရှိရသည်။ ပဲပုပ်ကို ရွာပွဲစားများက တိုက်ရိုက်ဝယ်ယူ၍ ဈေးကွက်အတွင်း ဖြန့်ချိသောကြောင့် ပြည်တွင်းဈေးကွက်သာရှိကြောင်း သိရှိရသည်။ ပဲပုပ်၏ ကာလပေါက်ဈေးအပေါ် မူတည်ပြီး တောင်သူများ အနေဖြင့် အရှုံးပေါ်ခြင်း  မရှိသော်လည်း အကျိုးအမြတ် ရရှိမှု ကွာခြားကြောင်းလည်းသိရှိရသည်။ ပြောင်းဈေးကွက်မှာ မိမိတို့ရွာမှထွက်ရှိသော ပြောင်းသီးနှံများကို ရွာရှိ စုဖွဲ့ဒိုင်များ မှတစ်ဆင့် တရုတ်၊ မြဝတီနယ်စပ်များသို့ တိုက်ရိုက် ရောင်းချလျက်ရှိကြောင်း သိရှိရပြီး လက်ရှိပြောင်းဈေးနှုန်းမှာ ပြောင်း အစိုတစ်ပိဿာလျှင် ငွေကျပ် ၄၅၀ မှ ကျပ် ၅၀ဝ ကြားရှိ ကြောင်းလည်း သိရှိရသည်။ ဈေးနှုန်းအခြေအနေမှာ ငွေဈေးအတက်အကျပေါ် မူတည်၍ အပြောင်းအလဲ ရှိကြောင်း သိရှိရသည်။ ဂျုံသီးနှံ အား အမြတ်အစွန်းနည်း၍ တောင်သူများအနေဖြင့်စိုက်ပျိုးမှု နည်းပါးကြောင်းလည်းသိရှိရသည်။

 

ဥမ္မာလင်း(ကျောက်မဲ)