Main menu

Background

ဈေးအမြင့်နဲ့ လက်ကျန်ပြတ်သွားတဲ့ ပြည်ထောပတ်ပဲ

Mon, 10/25/2010 - 07:39 -- Anonymous (not verified)

ဈေးအမြင့်နဲ့ လက်ကျန်ပြတ်သွားတဲ့ ပြည်ထောပတ်ပဲ         ပြည်ဈေးကွက်မှာ လက်ကျန်ပြတ်သွားပြီဖြစ်တဲ့ ထောပတ်ပဲဈေးနှုန်းမှာ တစ်တင်းကို ၂၆၅ဝဝ ကျပ်ဖြင့် ဈေးအမြင့်နဲ့အောက်တိုဘာ ဒုတိယပတ်မှာ နောက်ဆုံးအရောင်းအဝယ်ဖြစ်ခဲ့ကြပါတယ်။ ထောပတ်ပဲမှာ အခြားတိုင်းသို့ တင်ပို့မှုမရှိဘဲဒေသတွင်းသာ အရောင်းအဝယ်ဖြစ်ခဲ့ကြပါတယ်။ ယခုဆိုရင် ဝယ်လိုအားရှိပေမဲ့ လက်ကျန်မရှိတော့ဘူးလို့ သိရပါတယ်။ယခုနှစ်ထောပတ်ပဲဈေးနှုန်းအနေဖြင့် ဈေးအတက်အကျသိပ်မရှိဘဲ ဈေးငြိမ်အရောင်းအဝယ်ဖြစ်ခဲ့ကြပါတယ်။ ယခင်နှစ်ကပဲလက်ကျန်ပြတ်ချိန်တွင် တစ်တင်းကို ၁၄ဝဝဝ ကျပ်ဖြင့် လက်ကျန်ပြတ်သွားခဲ့ပြီး ယခုနှစ်မှာတော့ ၂၆၅ဝဝ ကျပ်ဖြင့်နောက်ဆုံး လက်ကျန်ပြတ်သွားခဲ့တဲ့အတွက် ယခင်နှစ်နဲ့ နှိုင်းယှဉ်ရင် ပဲစိုက်တောင်သူများအဖို့ ယခုနှစ်မှာ ဈေးကောင်းရရှိခဲ့ကြောင်း သိရပါတယ်။                                                                                                                            ခင်ဆွေဝင်း