Main menu

Background

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း အခြေခံရည်ညွှန်းစပါးဈေးနှုန်းဖြင့် ဆန်၊ စပါး ဝယ်ယူခြင်း ဆိုင်ရာကိစ္စရပ်များ အဆင်ပြေချောမွေ့စေရေးအတွက် လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့ညှိနှိုင်းအစည်းအဝေးသို့ လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်

Fri, 03/12/2021 - 10:32 -- journal_editor

၂၀၂၁ခုနှစ်၊ မတ်၈ရက်နေ့ (၁၃:၃၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ(၁)၌Virtual စနစ်ဖြင့်ကျင်းပပြုလုပ်သည့်၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း အခြေခံရည်ညွှန်းစပါးဈေးနှုန်းဖြင့် ဆန်၊ စပါး ဝယ်ယူခြင်းဆိုင်ရာကိစ္စရပ်များ အဆင်ပြေချောမွေ့စေရေးအတွက်လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့ညှိနှိုင်းအစည်းအဝေးသို့ လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ၊စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင် တက်ရောက်အမှာစကားပြောကြားခဲ့သည်။

လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌကအမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေအရ နှစ်စဉ်အခြေခံရည်ညွှန်း စပါးဈေးနှုန်းကို ထုတ်ပြန်ကြေညာပြီး စပါးများထွက်ပေါ်ချိန်၌ အခြေခံရည်ညွှန်းစပါးဈေးနှုန်းအောက် ကျရောက်သည့်ဒေသများတွင် တောင်သူလယ်သမားများထံမှ စပါးဝယ်ယူခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့မှုအခြေအနေ၊ ယခုနှစ်အခြေခံ ရည်ညွှန်းစပါးဈေးနှုန်းဖြင့် စပါးဝယ်ယူမှုအခြေအနေများနှင့် ဆန်အိတ်များ ပြန်လည်လက်ခံရရှိမှု အခြေအနေများ၊ လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့၏ရှေ့ဆက်ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက်အစည်းအဝေးသို့တက်ရောက်လာကြသူများကလယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့မှဆောင်ရွက်လျက်ရှိသည့် စပါး၊ ဆန်ဝယ်ယူရေးလုပ်ငန်းများအဆင်ပြေချောမွေ့စေရေး ကိစ္စရပ်များကိုဝိုင်းဝန်း ဆွေးနွေးကြပြီးတင်ပြချက်များအပေါ် ကော်မတီဥက္ကဌက လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားကာအစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်းသတင်းရရှိသည်။

MOC (IR)