Main menu

Background

အရည်အသွေးအလိုက် ဈေးအတက်အကျရှိတဲ့ ကမ်းနားပဲကြီး

Mon, 10/25/2010 - 07:54 -- Anonymous (not verified)

အရည်အသွေးအလိုက် ဈေးအတက်အကျရှိတဲ့ ကမ်းနားပဲကြီး         ပြည်ဈေးကွက်မှာ ပဲကြော်၊ ပဲလှော်ဖိုသမားများနဲ့ ပုံမှန်အရောင်းအဝယ်ဖြစ်နေတဲ့ ပဲကတော့ ပဲကြီး (ကမ်းနား)ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ အောက်တိုဘာပထမပတ်တွင် ပဲကြီး (ကမ်းနား) မှာတစ်တင်း ၂၈ဝဝဝ ကျပ်မှ ၂၉ဝဝဝကျပ်ထိ ရှိခဲ့ပြီး ယခုအောက်တိုဘာ တတိယပတ်တွင် ပဲအရည်အသွေးပေါ်မူတည်၍ တစ်တင်းကို ၂၉ဝဝဝ ကျပ်မှ ၂၉၅ဝဝကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြတဲ့အတွက် တစ်တင်းကို ၅ဝဝ ကျပ်ခန့် ဈေးမြင့်လာခဲ့ပါတယ်။ ပဲကြီး (ရွှေကျွန်း)ကတော့လုံးဝအရောင်းအဝယ်မဖြစ်ခဲ့ဘဲ ပဲကြီး (ကမ်းနား) တစ်မျိုးသာ တစ်ရက်ကို အိတ် ၂ဝဝ တစ်ပတ်လည် ပုံမှန်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။                                                                                                                                         ခင်ဆွေဝင်း