Main menu

Background

UTCC ၏ စစ်တမ်းတွင် နိုင်ငံခြားစီးပွားရေးလုပ်ငန်းများယုံကြည်မှုလျော့နည်း

Fri, 03/12/2021 - 11:04 -- journal_editor

ထိုင်းနိုင်ငံတွင်စီးပွားရေးလုပ်ငန်းများလုပ်ကိုင်နေသော နိုင်ငံခြားစီးပွားရေးလုပ်ငန်းများ၏ သဘောထားမှာ အတော်လေးကျဆင်းနေကြောင်း၊အလုပ်လက်မဲ့များပြားလာခြင်း၊ ငွေဖြစ်လွယ်မှု Liquidity ခက်ခဲခြင်း၊ တိုင်းပြည်၏ နိုင်ငံရေး မတည်ငြိမ်မှုနှင့် စီးပွားရေး အလားအလာများက ၎င်းတို့၏စိုးရိမ်မှုများကိုမြင့်တက်လာစေကြောင်းသိရှိရသည်။

          ထိုင်းကုန်သည်ကြီးများအသင်းတက္ကသိုလ် University of Thai Chamber of Commerce (UTCC) မှ ထိုင်းနိုင်ငံရှိနိုင်ငံခြားစီးပွားရေးလုပ်ငန်းများ၏ သဘောထားကို ဆန်းစစ်လေ့လာမှုအရ နိုင်ငံခြားစီးပွားရေးဆိုင်ရာ ယုံကြည်မှုအညွှန်းကိန်း Foreifn Business Confident Index (FBCI) သည်ယခင်နှစ်စတုတ္ထ(၃)လပတ်တွင်အပြည့်အဝစကေး(၁၀၀)မှတ်သာ(၂၉.၈)သာရှိကြောင်းသိရှိရပါသည်။

          နိုင်ငံခြားစီးပွားရေးဆိုင်ရာ ယုံကြည်မှုအညွှန်းကိန်းကို ထိုင်းနိုင်ငံရှိနိုင်ငံခြား ကုန်သည်ကြီး များအသင်း(၃၀)မှ ကုမ္ပဏီပေါင်း(၁၁၉)ခုကို နမူနာမေးခွန်းစစ်တမ်းများ ကောက်ယူခဲ့ခြင်း ဖြစ်ကြောင်း၊ အဓိကအားဖြင့် ထိုင်းစီးပွားရေးနယ်ပယ်နှင့် ၎င်းတို့၏ကိုယ်ပိုင်စီးပွားရေးအပေါ် ယုံကြည်မှုတို့အပေါ် မေးခွန်းများမေးမြန်း၍ စစ်တမ်းများကောက်ယူခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ထိုင်းနိုင်ငံတွင်နိုင်ငံခြားမှ ကုန်သည်ကြီးများ အသင်း(၄) ရှိပြီးစုစုပေါင်းကုမ္ပဏီ (၈,၄၇၀) ရှိကြောင်းလည်းသိရှိရသည်။

          UTCC ၏ ဉက္ကဌ Thanavath Phonvichai ၏ပြောကြားချက်အရ ထိုင်းပြည်၏ စီးပွားရေးတစ်ခုလုံးအပေါ် နိုင်ငံခြားစီးပွားရေးလုပ်ငန်းများ၏ ယုံကြည်မှုနှင့် ၎င်းတို့၏စီးပွားရေး လုပ်ငန်းများအပေါ် ယုံကြည်မှုတို့မှာ (၂၇.၆)မှတ်နှင့်(၃၂.၁)မှတ်တို့ဖြင့် အသီးသီးကျဆင်းလျက်ရှိ နေဆဲဖြစ်ကြောင်းသိရှိရပါသည်။ နိမ့်ကျလျှက်ရှိသော အမှတ်များက နိုင်ငံခြားစီးပွားရေး လုပ်ငန်းများ၏ယုံကြည်မှုနည်းပါးခြင်းကိုဖေါ်ပြနေခြင်းဖြစ်ပါသည်။ စီးပွားရေးနှင့် လူမှုရေးနယ်ပယ်များရှိနိုင်ငံခြားစီးပွားရေးလုပ်ငန်းများသည်အစိုးရနှင့်သက်ဆိုင်ရာတာဝန်ရှိသူများ၏အရေးပေါ်ဆောင်ရွက်ပေးမှုများကိုလိုအပ်လျှက်ရှိကြောင်း၊ Covid-19 အခြေအနေများကြောင့် အလုပ်လက်မဲ့ဖြစ်မှုများသည် စားသုံးသူများ၏ဝယ်လိုအား၊ပုဂ္ဂလိကကဏ္ဍ၏ငွေကြေးဖြစ်လွယ်မှုခက်ခဲခြင်း၊ပြည်တွင်းနိုင်ငံရေးမတည်ငြိမ်မှုနှင့်ခရီးသွားကဏ္ဍတို့ကိုထိခိုက်စေကြောင်း Mr. Thanavath ကပြောကြားခဲ့ပါသည်။ နိုင်ငံခြားစီးပွားရေးလုပ်ငန်းများ အနေဖြင့်ထိုင်းစီးပွားရေးအလားအလာနှင့်ထိုင်းနိုင်ငံ၏ရှုပ်ထွေးလှသောစီးပွားရေးလုပ်ကိုင်မှုအဆင့်များနှင့်ကပ်ရောဂါလှိုင်းအသစ်ဖြစ်ပွားမှုအပေါ်အစိုးရ၏ကိုင်တွယ်မှုများနှင့်ပတ်သက်၍လည်း စိုးရိမ်ပူပန်အလိုမကျလျက်ရှိ နေကြောင်းသိရှိရသည်။

          စီးပွားရေးမျက်နှာစာအနေဖြင့် Mr. Thanavath ကနိုင်ငံခြားစီးပွားရေးလုပ်ငန်းများသည် ဝယ်လိုအားနှင့်ထောက်ပံ့ဖြည်းဆည်းမှုများကျဆင်းခြင်း၊ ကပ်ရောဂါကြောင့် သယ်ယူပို့ဆောင်မှုစရိတ်များ မြင့်တက်ခြင်း၊ ငွေကြေးဖြစ် လွယ်မှုခက်ခဲခြင်း၊ Covid-19 ပျံ့နှံ့မှုနှင့် ထိုင်းနိုင်ငံရှိ လမ်းများ အပေါ်မှဆန္ဒပြသူများကြောင့် ၎င်းတို့၏ရောင်းအားများ ကျဆင်းခြင်းအပေါ် စိုးရိမ်လျက်ရှိနေကြ ကြောင်းပြောကြားခဲ့သည်။ ထိုင်းကုန်သည်ကြီး များအသင်း ချုပ် ဉက္ကဌ Kalin Sarasin က ထိုင်းကုန်သည်ကြီးများ အသင်းအနေဖြင့် အလားတူစိုးရိမ်လျှက်ရှိကြောင်း၊ မိမိတို့အနေဖြင့်အစိုးရကို အလုပ်လက်မဲ့ကိစ္စ၊ ငွေကြေးအရင်းအနွှးရရှိမှုတို့အား ကိုင်တွယ်ရန်နှင့် အရေးအကြီးဆုံးအနေဖြင့် ပြည်တွင်း နိုင်ငံရေး တည်ငြိမ်မှုရှိစေရေးကိစ္စများနှင့်ပတ်သက်၍ စိုးရိမ်ပူပန်လျက်ရှိကြောင်း ပြောကြားခဲ့သည်ဟု သိရှိရသည်။

Bangkok post

   (လွင်မျိုးဇော်၊ စီးပွားရေးသံမှူး)

  မြန်မာသံရုံး၊ဗန်ကောက်မြို့