ဖေဖော်ဝါရီ ၂၇ ရက်မှ မတ်လဆန်းထိကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်း မူဆယ် (၁၀၅)မိုင်ဇုန်မှ ဆန်တန်ချိန် ၆၆၀၀ ခန့်၊ လွယ်ဂျယ်ကုန်သွယ်ရေး စခန်းမှ ဆန်တန်ချိန် ၆၀၀ ခန့်နှင့် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ဆန်တန်ချိန် ၁၇၀ ခန့် စုစုပေါင်းတန်ချိန် ၇၀၀၀ ကျော်တန်ဖိုးအမေရိကန်ဒေါ်လာ ၃ သန်းနီးပါးတင်ပို့ခဲ့ကြောင်း သိရသည်။ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် ဆန်တန်ချိန် ၆၀၀ ကျော် ပိုမိုတင်ပို့ခဲ့ပါသည်။
ယခုတစ်ပတ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၁၈၁ သန်း တန်ဖိုးရှိ ဆန်ကွဲတန်ချိန် ၉၁၀၀ ခန့်တင်ပို့ခဲ့ကြောင်းသိရသည်။ တင်ပို့မှုများအနေဖြင့် မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ဆန်ကွဲတန်ချိန် ၈၀၀၀ ကျော်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ဆန်ကွဲတန်ချိန် ၂၀၀ ခန့်နှင့် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ဆန်ကွဲတန်ချိန် ၆၀၀ ကျော်တင်ပို့ ခဲ့ပါသည်။ မြန်မာ-ထိုင်းနယ်စပ်မြဝတီကုန်သွယ်ရေးဇုန်မှလည်း ဆန်ကွဲတန်ချိန် ၆၄၀ ခန့်တင်ပို့ နိုင်သဖြင့် ယခင်တစ်ပတ်ထက် ဆန်ကွဲတန်ချိန် ၁၈၀၀ ခန့်ပိုမိုတင်ပို့ခဲ့ပါသည်။
ယခုတစ်ပတ်နယ်စပ်လမ်းကြောင်းမှ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၁၆၀၀၀ ကျော် တင်ပို့ခဲ့ပါသည်။
အေးအေးသန့်