မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဖက်တရုတ်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုအနေဖြင့် နေ့စဉ် ပျမ်းမျှကားစီးရေ (၄၀၀)မှ (၄၅၀) အတွင်းနှင့် ကုန်ပစ္စည်းမျိုးစုံအုပ်စုအလိုက် တင်ပို့လျှက်ရှိပါသည်။ လယ်ယာထွက်ကုန် ပစ္စည်းအုပ်စုမှ ဆန်၊ ပဲအမျိုးမျိုး၊ ပြောင်း၊ နှမ်းနက်၊ လျှော်ဖြူ၊ ဝါဂွမ်း၊ နနွင်းတက်၊ မိချောင်းကွမ်းဖတ်စေ့၊ မာလာဥ၊ ချဉ်ပေါင်ဖာလာ၊ ဇီးဆံ၊ ဇီးသီးခြောက်၊ ငရုပ်သီး (အစို/အခြောက်)၊ ငှက်ပျောသီး၊ ငုဝါသီးခြောက်၊ ပေသီး၊ ကြောင်ပန်းစေ့၊ ဖန်ခါးသီးခြောက်၊ ဖရုံသီး၊ ကွမ်းစားဂမုန်း၊ နေလဲစေ့၊ ဖရဲသီး၊ သခွားမွှေး၊ရေထွက်ပစ္စည်းအုပ်စုမှ ငါးမျိုးစုံ၊ ငါးရှဉ့်၊ ဂဏန်း၊ ငါးဆားနယ်၊ ငါးလေးခြောက်၊ ပုဇွန်ဖွဲ၊ ငါးမှုန့်၊ ပုဇွန်ခြောက်၊ သစ်တောထွက် ပစ္စည်းအုပ်စုမှ မာလာဥ၊ မာလာဥခေါင်း၊ ကြိမ်၊ ဒရင်ကောက်မြစ်၊သတ္တုတွင်းထွက်ပစ္စည်းအုပ်စုမှ ခဲသတ္တု၊ ကျောက်မီးသွေး၊ အလူမီနီယမ်၊ အခြားပစ္စည်းအုပ်စုမှ ဆံပင်၊ သကာရည်၊ CMP အထည်များ၊ CMP Cable စသည့် ပစ္စည်းများ တင်ပို့လျှက် ရှိပါသည်။
ဖေဖော်ဝါရီလအတွင်း အများဆုံးတင်ပို့နိုင်သောပစ္စည်းများမှာ ပဲတီစိမ်း တန်ဖိုး ၁၄ ဒဿမ ၁၆၁ ဒေါ်လာသန်း၊ ဆန် တန်ဖိုး၇ ဒဿမ ၃၆၅ ဒေါ်လာသန်း၊ ဖရဲသီး တန်ဖိုး ၆ ဒဿမ ၈၉၇ ဒေါ်လာသန်း၊ ဆန်ကွဲ ၅ ဒဿမ ၀၀၃ ဒေါ်လာသန်း၊ ရာဘာ တန်ဖိုး ၄ ဒဿမ ၄၀၆ ဒေါ်လာသန်း၊ နှမ်းမျိုးစုံ တန်ဖိုး ၃ ဒဿမ ၉၇၇ ဒေါ်လာသန်း၊ ကြံ တန်ဖိုး ၃ ဒဿမ ၆၇၄ ဒေါ်လာသန်း၊ သခွားမွှေး တန်ဖိုး ၂ ဒဿမ ၆၃၇ ဒေါ်လာသန်း၊ ငါးရှဉ့် တန်ဖိုး ၂ ဒဿမ ၅၀၀ ဒေါ်လာသန်း၊ ငရုတ်သီး (စိမ်း) တန်ဖိုး ၂ ဒဿမ ၄၂၇ ဒေါ်လာသန်း၊ သတ္တုနှင့်သတ္တုရိုင်းများ တန်ဖိုး ၂ ဒဿမ ၃၇၄ ဒေါ်လာသန်း၊ မြေပဲဆံ တန်ဖိုး ၂ ဒဿမ ၁၄၆ ဒေါ်လာသန်း၊ ပဲလွန်းဖြူ တန်ဖိုး ၂ ဒဿမ ၀၀၂ ဒေါ်လာသန်း၊ ကြက်သွန်နီ တန်ဖိုး ၁ ဒဿမ ၅၁၁ ဒေါ်လာသန်း၊ သီဟိုစေ့ (အခွံမပါ) တန်ဖိုး ၁ ဒဿမ ၀၆၆ ဒေါ်လာသန်း၊ ပဲယင်း တန်ဖိုး သုည ဒဿမ ၆၂၄ ဒေါ်လာသန်း၊ သကာရည် တန်ဖိုး သုည ဒဿမ ၆၁၄ ဒေါ်လာသန်း၊ ဝါဂွမ်း တန်ဖိုး သုည ဒဿမ ၄၂၇ ဒေါ်လာသန်း၊ မိကျောင်းကွမ်းဖတ်စေ့ တန်ဖိုး သုည ဒဿမ ၃၈၈ ဒေါ်လာသန်း၊ Cable အမျိုးမျိုး တန်ဖိုး သုည ဒဿမ ၃၄၇ ဒေါ်လာသန်း အများဆုံးတင်ပို့နိုင်ခဲ့ပါသည်။ ဖေဖော်ဝါရီလအတွင်း ကုန်သွယ်မှုပမာဏစုစုပေါင်း ၁၇၀ ဒဿမ ၀၃၉ ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ကမ္ဘာ့ကပ်ရောဂါ COVID-19 ဖြစ်ပွားမှုကြောင့် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုလုပ်ငန်းများဆောင် ရွက်လျှက်ရှိသည့် ဝင်/ထွက်ပေါက် ဂိတ်များအား အချိန်ကန့်သတ်ဆောင်ရွက်များကြောင့် ယာဉ် အဝင်/ အထွက်နှောင့်နှေးမှုရှိခဲ့သော်လည်း ကုန်စည်စီးဆင်းမှုလျှင်မြန်စေရန်နှင့် ယာဉ်ကြောကြပ်တည်းမှုမရှိ စေရေးအတွက် တာဝန်ရှိသည့် ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်မှုများကြောင့် ကုန်စည်စီးဆင်းမှုအား ပုံမှန်ဆောင်ရွက်နိုင်ခဲ့ကြောင့် သိရှိရပါသည်။
စိုးနိုင်
မူဆယ်(၁၀၅)ကုန်သွယ်ရေးဇုန်