Main menu

Background

ပြည်တွင်းရွှေဈေးနှုန်းများ ပြန်လည်ကျဆင်းလာ

Tue, 10/26/2010 - 04:16 -- Anonymous (not verified)

 ပြည်တွင်းရွှေဈေးနှုန်းများ ပြန်လည်ကျဆင်းလာ       ယခုတစ်ပတ်အတွင်း ကမ္ဘာ့ရွှေဈေးနှုန်းများ ကျဆင်းလာသလို ပြီးခဲ့သည့် အပတ်အတွင်းမြင့်တက်ခဲ့သော ပြည်တွင်းရွှေဈေးနှုန်းပါ ပြန်လည်ကျဆင်းလာ ကြောင်း ရွှေလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောကြားသည်။           ''ပြီးခဲ့တဲ့အပတ်ကဆိုရင် ကမ္ဘာ့ရွှေဈေးက တစ်အောင်စကို အမေရိကန် ဒေါ်လာ ၁၃၈ဝ အထိရှိခဲ့တယ်။ အခုဒီတစ်ပတ်အတွင်းမှာတော့ တစ်အောင်စကို ၁၃၄၅ ဒေါ်လာအထိ ပြန်ကျဆင်းလာတယ်။ အရောင်းအဝယ် လည်းပြန်အေးသွား တယ်။ အရောင်းအဝယ်က ပြီးခဲ့တဲ့အပတ်က ကောင်းတယ်။ အခုဝယ်လိုအားက လျော့လာတယ်။ ဒီနှစ်မင်္ဂလာဆောင်ရာသီက ခါတိုင်းနှစ်နဲ့မတူဘူး။ နည်းနည်း အေးတယ်။ ဒီရက်ပိုင်းအတွင်းမှာကို အရောင်းအဝယ်တွေ ပြန်စမယ်လို့ထင်တယ်။ ဒါကိုတော့ စောင့်ကြည့်ရမှာပဲ'' ဟု ယင်းက ပြောကြားသည်။              ပြည်တွင်းရွှေဈေးနှုန်းမှာပြီးခဲ့သည့် တစ်ပတ်အတွင်း အခေါက်ရွှေ တစ်ကျပ် သားလျှင် ကျပ် ၆၇ဝဝဝဝ အထိ မြင့်တက်ခဲ့ပြီး ယခုတစ်ပတ်အောက်တိုဘာ ၂၁ ရက်နေ့တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ၆၅၉ဝဝဝ အထိ ကျဆင်း ခဲ့ကြောင်း သိရသည်။                                                                                                               မင်းသန့််