မန္တလေး ကျောက်မျက်ရောင်းဝယ်ရေးစင်တာ သီတင်းကျွတ်ကာလ ပြည်ပမှဧည့်သည်များသာ ဝယ်ယူမှုရ မန္တလေး Gem Center မှာ သီတင်းကျွတ်ကာလအမီ ဈေးလျှော့၍ ရောင်းချလျက်ရှိရာ ဝယ်ယူသူ များပြား လျက်ရှိပြီး၊ ပြည်ပမှဧည့်သည်များသာ ဝယ်ယူမှုရှိကြောင်း သိရပါတယ်။''ဒီရက် မှာသီတင်းကျွတ်အမီ ဈေးလျှော့ရောင်းတော့ တော်တော်ရောင်းရတယ်။ လက်ထပ်လက်စွပ်လည်း မှာယူမှုရှိတယ်။လက်စွပ်ကိုပုံဖော်ပြီး ရိုးရိုးရှင်းရှင်းတွေအော်ဒါမှာကြတယ်။ ဈေးနှုန်းကတော့ ၃ သိန်းအထက်ကို ဝယ်တာများတယ်။ ၁ဝ သိန်းတန်လည်း ဝယ်ကြပါတယ်။ Gem Center ကို မန္တလေးလာတဲ့ ပြည်ပဧည့်သည်တွေပါ လာဝယ်ကြတယ်။ စီးပွားရေးလုပ်ငန်းရှင်များလည်း လာဝယ်ကြတယ်။ တရုတ်နဲ့ မလေးရှား က ဒီရက်ပိုင်းဝယ်ကြတယ်။ တရုတ်က တော့ ကျောက်စိမ်းကြိုက်လို့ ကျောက်စိမ်း ဝယ်သွားကြတယ်လို့'' စင်တာမှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ ယခုရက်ပိုင်းမှာ စိန်ဈေးနှုန်း ပုံမှန် သာရှိပြီး၊ ၁ဝ လုံးစီးအသန့် ၆ သိန်းနဲ့ ၇ သိန်းကြား ၁ဝလုံးစီးပြင် စီးအညံ့ ၁ သိန်းခွဲ၊ အသန့်ဆိုရင် ၂ သိန်းဝန်းကျင်၊ အဖြူ ၁ဝ လုံးစီး ၄ သိန်းနဲ့ ၅ သိန်းကြား ဖြစ်၍ ပြင်စီးအသန့်ကို လူကြိုက်များ ကြောင်း သိရပါတယ်။ ဇူးဇူး
Background