Main menu

Background

ယခုတစ်ပတ်နယ်စပ်လမ်းကြောင်းမှ ဆန်နှင့်ဆန်ကွဲတန်ချိန် တစ်သောင်းတစ်ထောင်ကျော်တင်ပို့

Thu, 03/25/2021 - 10:39 -- journal_editor

           မတ်လ ၁၃ ရက်မှ ၁၉ ထိ ကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်း မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ဆန်တန်ချိန် ၅၅၀၀ ခန့်၊ လွယ်ဂျယ် ကုန်သွယ်ရေးစခန်းမှ ဆန်တန်ချိန် ၃၀၀ ကျော်နှင့် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ ဆန်တန်ချိန် ၅၀ ကျော် စုစုပေါင်းတန်ချိန် ၅၈၅၀ကျော် တန်ဖိုးအမေရိကန်ဒေါ်လာ ၂ ဒသမ ၃၈ သန်းခန့် တင်ပို့ခဲ့ကြောင်း သိရသည်။ ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် တန်ချိန် ၃၀၀ ကျော် လျော့နည်းတင်ပို့ခဲ့ကြောင်း သိရသည်။ မြဝတီကုန်သွယ်ရေးဇုန်မှလည်း ဆန်မှုန့် တန်ချိန် ၂၀၀ ခန့် တန်ဖိုးအမေရိကန်ဒေါ်လာ သုညဒသမ ၀၇၈ သန်းခန့် တင်ပို့ခဲ့ကြောင်းသိရသည်။

          ယခုတစ်ပတ် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ ၂သန်းခန့် တန်ဖိုးရှိ ဆန်ကွဲတန်ချိန် ၅၆၀၀ ကျော် တင်ပို့ခဲ့ကြောင်းသိရသည်။ တင်ပို့မှုအနေဖြင့် မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ဆန်ကွဲတန်ချိန် ၄၇၀၀ ခန့်နှင့်လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ဆန်ကွဲတန်ချိန် ၃၃၀ ခန့်နှင့် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှဆန်ကွဲတန်ချိန် ၅၈၀ ခန့်  တင်ပို့နိုင်ခဲ့ပါသည်။ ယခင် အပတ်ထက် ဆန်ကွဲတန်ချိန် ၆၈၀၀ ကျော်လျော့နည်းပိုမိုတင်ပို့ခဲ့ပါသည်။

          ယခုတစ်ပတ်နယ်စပ်လမ်းကြောင်းမှ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် တစ်သောင်းတစ် ထောင် ကျော်တင်ပို့ခဲ့ပါသည်။

         အေးအေးသန့်