ဒီတစ်ပတ် နယ်စပ်အသွင်းလျော့ နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ မူဆယ်၊ လွယ်ဂျယ်၊ ကန်ပိုက်တီး၊ မြိတ်၊ တာချီလိတ်၊ မောင်တောနဲ့ ကော့သောင်းနယ်စပ်တို့မှ ယခုအပတ်မှာ ဘိလပ်မြေ တန်ချိန် ၅၉၅ဝတင်သွင်းနိုင်ခဲ့ပါတယ်။ ယခင်အပတ်က ထက်တန်ချိန် ၂၃၂၆ တန် လျော့နည်းတင်သွင်းခဲ့တာတွေ့ရပါတယ်။ မူဆယ်နဲ့ မြိတ်စခန်းများမှ တင်သွင်းမှု ပိုမိုခဲ့သော်လည်း ကန်ပိုက်တီး၊ တာချီလိတ်မှ လျော့နည်းတင်သွင်းခဲ့တယ်လို့ သိရပါတယ်။ စခန်းအလိုက် ဘိလပ်မြေတင်သွင်း နိုင်မှုများမှာ ကန်ပိုက်တီးစခန်းမှ ၂၄၃ဝတန်၊ တာချီလိတ်မှ တန် ၁၃၂ဝ၊ မြိတ်မှ ၁ဝ၁၆ တန်၊ လွယ်ဂျယ်မှ တန် ၇ဝဝ၊ မူဆယ်မှ ၄ဝ၇ တန်၊မောင်တောမှ တန် ၆ဝ နဲ့ ကော့သောင်းမှ ၁၇ တန်ကျော် အသီးသီးဖြစ်ပါတယ်။ ဘိလပ်မြေကို စီမံကိန်းလုပ်ငန်းများ အတွက် တင်သွင်း တာရှိသလို သာမန်ဆောက်လုပ်ရေးလုပ်ငန်းများအတွက် တင်သွင်းနေကြတာလည်း ရှိပါတယ်လို့ ဘိလပ်မြေတင်သွင်းသူတစ်ဦးက ပြောပါတယ်။ MIRT(DOBT)
Background