Main menu

Background

Brexit ကြောင့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် ဘယ်လ်ဂျီယံနိုင်ငံ၏ ပို့ကုန်ကျဆင်းခဲ့ခြင်း

Tue, 03/30/2021 - 11:34 -- journal_editor

         ဗြိတိန်ခွဲထွက်မှုကိစ္စရပ် (Brexit) ကြောင့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် ဘယ်လ်ဂျီယံနိုင်ငံ၏ ပို့ကုန်နှင့် သွင်းကုန် သိသိသာသာကျဆင်းခဲ့ကြောင်း ဘယ်လ်ဂျီယံနိုင်ငံအမျိုးသားဘဏ် (National Bank of Belgium) ၏ အစီရင်ခံစာအရ သိရသည်။ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလနှင့် နှိုင်းယှဉ်ပါက သွင်းကုန် ၁၆ဒသမ၁ ရာခိုင်နှုန်းနှင့် ပို့ကုန် ၁၁ဒသမ၇ ရာခိုင်နှုန်းကျဆင်းခဲ့ခြင်းဖြစ်သည်။ Brexit ကြောင့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှစတင်၍ အီးယူနှင့် ဗြိတိန်နိုင်ငံတို့အကြား ကုန်စည်များလွတ်လပ်စွာ ရွှေ့ပြောင်းသွားလာနိုင်မှုတွင် အဟန့်အတားများဖြစ်ပေါ်ခဲ့ပြီး၊ နှစ်ဘက်ကုန်သွယ်မှုတွင် နယ်စပ် လုပ်ထုံးလုပ်နည်းသစ်များ လိုအပ်လာခဲ့ခြင်းဖြစ်သည်။

        ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ၌ ဘယ်လ်ဂျီယံနှင့် ဗြိတိန်ကုန်သွယ်မှုတွင် သွင်းကုန်  -၅၄ဒသမ၄ ရာခိုင်နှုန်းနှင့် ပို့ကုန် -၃၅  ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ဘယ်လ်ဂျီယံနိုင်ငံအမျိုးသားဘဏ်က ဆိုသည်။ ထိုသို့ ဗြိတိန်နိုင်ငံနှင့်ကုန်သွယ်မှု ကျဆင်းခဲ့ရခြင်းမှာ နယ်စပ်လုပ်ထုံးလုပ်နည်း အသစ်များ ဆောင်ရွက်ရခြင်းကြောင့် ဖြစ်ပေါ်ခဲ့ခြင်း ဟုတ်/မဟုတ်နှင့် ယာယီသက်ရောက်မှု ဟုတ်/မဟုတ်ကို ဆက်လက်စောင့်ကြည့် ရမည်ဖြစ်ကြောင်း သိရသည်။

      ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလတွင် ဘယ်လ်ဂျီယံနိုင်ငံနှင့် ဗြိတိန်နိုင်ငံအကြား ပို့ကုန်/သွင်းကုန် ကျဆင်းခဲ့ရခြင်းသည် Brexit ကြောင့် နယ်စပ်လုပ်ထုံးလုပ်နည်းများ ရှိလာနိုင်မှုကို ကြိုတင်မျှော်မှန်း ၍ ကုမ္ပဏီများက ကုန်စည်များ စုဆောင်းထားရှိကြစဉ်က နှစ်ဘက်ကုန်သွယ်မှု သိသိသာသာ တိုးတက်ခဲ့ပြီးနောက် ပြန်လည်ရိုက်ခတ်မှုတစ်ရပ်လည်း ဖြစ်နိုင်သည်ဟု သိရသည်။ ဘယ်လ်ဂျီယံ နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ဆေးဝါးများ ကုန်သွယ်မှုတွင် တိုးတက် ခဲ့ခြင်းမှအပ အခြား ကုန်သွယ် ဖက်နိုင်ငံများနှင့် ကုန်သွယ်မှုတွင်လည်း ယေဘုယျအားဖြင့် ကျဆင်းခဲ့ကြောင်း သိရသည်။

ရင်းမြစ် - (ဘရပ်ဆဲလ်တိုင်းမ်)

(ကျော်စိန်ဝင်း၊စီးပွားရေးသံမှူး)