Main menu

Background

၂ဝဝ၈ ခုနှစ်နောက်ပိုင်း ပထမအကြိမ်အနေနဲ့ မလေးရှားစားအုန်းဆီဈေး တစ်တန် ရင်းဂစ် ၃ဝဝဝ (ကန်ဒေါ်လာ ၉၆၃) ကျော်လာ

Tue, 10/26/2010 - 08:56 -- Anonymous (not verified)

၂ဝဝ၈ ခုနှစ်နောက်ပိုင်း ပထမအကြိမ်အနေနဲ့ မလေးရှားစားအုန်းဆီဈေး တစ်တန် ရင်းဂစ် ၃ဝဝဝ (ကန်ဒေါ်လာ ၉၆၃) ကျော်လာ          တရုတ်နဲ့ အိန္ဒိယတို့ရဲ့ ဝယ်လိုအားမြင့်တက်မှုထက် ရောင်းလိုအား နည်းနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်များ ကြောင့် မလေးရှားစားအုန်းဆီဈေးဟာ တစ်တန် ရင်းဂစ် ၃ဝဝဝ (ကန်ဒေါ်လာ ၉၆၃)အထက်ကို ၂ဝဝ၈ ခုနှစ် ဇူလိုင်လ ၃၁ ရက်နောက်ပိုင်း ပထမအကြိမ်အနေနဲ့ မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ အောက်တိုဘာလ ၂၁ ရက်နေ့ မလေးရှား  ကုန်စည်ဒိုင်မှာ ဇန်နဝါရီပို့ရမယ့် စားအုန်း ဆီဈေးဟာ ၁ ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်တန်ကို ရင်းဂစ် ၃ဝ၂၁ (ကန် ဒေါ်လာ ၉၇ဝ) ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။             ရာသီဥတုအခြေအနေအရ ထုတ်လုပ်မှု ကျဆင်းခြင်းနဲ့ ကမ္ဘာ့ပဲပုပ် ထုတ် လုပ်မှု ကျဆင်းမယ့် ခန့်မှန်းချက်များ ကြောင့် ပဲပုပ်အစားထိုးစားအုန်းဆီကို ဝယ်ယူ လာမှုတွေကြောင့် ကမ္ဘာမှာစားသုံးမှုအများဆုံး စားအုန်းဆီဈေးဟာ ယခုနှစ် ဇူလိုင်လမှာ အနိမ့်ဆုံးရှိခဲ့ရာမှ ယခုအခါ ၃၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။ တတိယပတ် ၃ လအတွင်း တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ ၉ ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ရာ တရုတ် နိုင်ငံကလည်း ဝယ်လိုအားမြင့်တက်မှုရှိသလို တရုတ်ပြီးရင် ထိပ်တန်းဟင်းသီးဟင်းရွက်ဆီဝယ်ယူတဲ့ အိန္ဒိယကလည်း လူဦးရေ တိုးပွားလာခြင်းနဲ့ ဝင်ငွေမြင့်တက်မှုတို့ကြောင့် ဝယ်လိုအားတက်လာတာကြောင့် ပဲပုပ်နဲ့ စားအုန်းဆီ တင်သွင်းမှုဟာ ၄ နှစ်အတွင်း အများဆုံးတင်သွင်းဖွယ်ရှိတယ်လို့ အိန္ဒိယ ဆီထုတ်လုပ်သူများအသင်း ဥက္ကဌ Ashok Sethia  က စက်တင်ဘာလ ၂၁ ရက်မှာပြောကြားပါတယ်။                         နှစ်ပေါင်း ၃ဝ နီးပါးအတွင်း ဆီကုန်သွယ်နေတဲ့ Mistry  က ဇွန်လပြီး နောက် စားအုန်းဆီဈေး ရင်းဂစ် ၃ဝဝဝ (ကန်ဒေါ်လာ ၉၆၂ ) ကျော်ထိ ရောက်ရှိ နိုင်တယ်လို့ မတ်လမှာ အမှန်ကန်ဆုံး ခန့်မှန်းခဲ့ပါတယ်။ ကမ္ဘာ့စားဆီ ရောင်းချမှုနဲ့ ပတ်သက်လို့ ရင်းဂစ် ၃၂ဝဝ (ကန်ဒေါ်လာ ၁ဝ၂၇) ထိ မြင့်တက်နိုင်သေးတယ် လို့လည်း ခန့်မှန်းထားပြန်ပါတယ်။                                                                                                                      ယုဇန၊ Sources: bloomberg .net