Main menu

Background

ဘယ်လ်ဂျီယံနိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေးအစီအမံသစ်များကြောင့် အချို့လုပ်ငန်းကဏ္ဍ များသည် ယူရို (၁) ဘီလျံခန့် ဆုံးရှုံးမှုရှိနိုင်ခြင်း

Mon, 04/05/2021 - 12:33 -- journal_editor

        ဘယ်လ်ဂျီယံနိုင်ငံတွင် Covid-19 ကပ်ရောဂါကူးစက်မှုများ ပြန်လည်မြင့်တက်လာသဖြင့် ဘယ်လ်ဂျီယံနိုင်ငံအစိုးရက ဗိုင်းရပ်စ်ကူးစက်မှုထိန်းချုပ်ရေး ကန့်သတ်ချက်အသစ်များကို ၂၇-၃-၂၀၂၁ ရက်နေ့မှစတင်၍ သီတင်းပတ်လေး ပတ်ကြာ ချမှတ်ခဲ့ပါသည်။ အဆိုပါကန့်သတ်ချက်များအရ  ဆံသဆိုင်များ၊ အလှပြင်ဆိုင်များကဲ့သို့သော လူပုဂ္ဂိုလ်ချင်းထိတွေ့ရသည့်လုပ်ငန်းများသည် ပိတ်ထားရမည်ဖြစ်ပါသည်။ အဝတ်အထည် လက်လီအရောင်းဆိုင်များကဲ့သို့သော Non-essential shops များသည် ဝယ်ယူသူများကို appointment ဖြင့်သာလက်ခံရောင်းချရမည်ဖြစ်ပြီး၊ ဆိုင်အတွင်း ၌ အများဆုံး ၅၀  ဉီးအထိသာ ဝင်ရောက်ခွင့်ပြုထားပါသည်။

        အစားအသောက်၊ ဆေးဝါး၊ ပန်းစသည် အရောင်းဆိုင်များ၊ တယ်လီဖုန်းဆက်သွယ်ရေးဆိုင် များ၊ သတင်းစာနှင့် စာအုပ်အရောင်းဆိုင်များ စသည့် essential shops များသည် appointment ပြုလုပ်ခြင်းမရှိဘဲ ရောင်းချခွင့်ရှိပါသည်။ ဘယ်လ်ဂျီယံနိုင်ငံ၏ “semi-lockdown” ပုံစံ ဗိုင်းရပ်စ် ထိန်းချုပ်ရေးအစီအမံသစ်များကြောင့် ဖက်ရှင်ဆိုင်များ၊ အိမ်တွင်းအလှဆင်ပစ္စည်းအရောင်းဆိုင်များ၊ လျှပ်စစ်ပစ္စည်း၊ အားကစား ပစ္စည်းအရောင်းဆိုင်များ စသည့် လုပ်ငန်းကဏ္ဍများတွင် ယူရို တစ်ဘီလျံ ခန့်ဆုံးရှုံးနိုင်ကြောင်း ဘယ်လ်ဂျီယံ၏ ကုန်သွယ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာအသင်းချုပ် Comeos အရသိရသည်။ ယင်းလုပ်ငန်းများရှိ လုပ်သား ၃၅၀၀၀ ခန့်မှာ ဧပြီလအထိ ယာယီ အလုပ် လက်မဲ့ဖြစ်ကြရမည်ဟု Comeos ကဆိုသည်။

        ဘယ်လ်ဂျီယံနိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ရေးအစီအမံသစ်များကြောင့် Non-essential shops များ၏ ဝင်ငွေ ၆၀  ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်သည်ဟု Comeos က ကောက်ယူခဲ့သည့် စစ်တမ်းတစ်ရပ်အရ သိရပါသည်။ စည်းမျဉ်းအသစ်များသည် ရှုပ်ထွေးမှုရှိနေခြင်း၊ ဈေးဆိုင်များ၌ လူဉီးရေကန့်သတ်ချက်ဖြင့်သာဝင်ရောက်နိုင်ပြီး၊ ဆိုင်အတွင်း၌ ကြာမြင့်ချိန် မိနစ် ၃၀ ခန့်သာ ခွင့်ပြုခြင်းစသည့်အချက်များကြောင့် ဈေးဝယ်သူများသည် Appointment ပြုလုပ်၍ ဝယ်ယူခြင်းထက် ဈေးဝယ်မထွက်ရန်ကို ဉီးတည်စေလျက်ရှိကြောင်း ဘယ်လ်ဂျီယံ၊ ကုန်သွယ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာအသင်းချုပ် Comeos အရ သိရပါသည်။

ရင်းမြစ် - (ဘရပ်ဆဲလ်တိုင်းမ်)

(ကျော်စိန်ဝင်း၊စီးပွားရေးသံမှူး)