Main menu

Background

နှမ်း အရောင်းအဝယ်အေး

Tue, 10/26/2010 - 09:38 -- Anonymous (not verified)

နှမ်း အရောင်းအဝယ်အေး      အောက်တိုဘာလ ၁၃ ရက်မှ ၁၉ ရက်ထိကာလအတွင်းမှာ မူဆယ် ၁ဝ၅မိုင်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် နှမ်းဖြူ  ၆၉၈ တန်နဲ့ နှမ်းနက် ၁၃၂၁ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂ ဒသမ ၆၆၄ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က နှမ်းဖြူ ၁ဝ၄၅ တန်၊ နှမ်းနက် ၁၃၃၉ တန်နဲ့နှမ်း (အခွံချွတ်) ၁၇၇ တန် တင်ပို့နိုင်ခဲ့တဲ့အတွက် ယခုအပတ်မှာ ယခင်အပတ်တင်ပို့မှုထက် နှမ်းဖြူ ၃၄၇ တန်၊ နှမ်းနက် ၁၈ တန်လျော့နည်းခဲ့ပြီး နှမ်း(အခွံချွတ်) တင်ပို့နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး၊ တစ်ဘက်နိုင်ငံမှာယခုအပတ်နှမ်းဖြူဈေး တစ်တန်လျှင် ယွမ် ၁၆၅ မှ ၁၇ဝ ထိ ဈေးနှုန်း ပိုမိုမြင့်တက်လျက်ရှိတယ်လို့သိရပါတယ်။ ယခုအပတ်မှာ နှမ်း အရောင်းအဝယ်အေးလျက်ရှိပြီး တင်ပို့မှုလည်းလျော့ကျလျက်ရှိပါတယ်။ မိမိဘက် နဲ့ တစ်ဘက်နိုင်ငံနှမ်းဈေးများကို နှိုင်းယှဉ်ဖော်ပြ ပေးလိုက်ပါတယ် -                   မိမိဘက်(ကျပ်/တန်)                                        တစ်ဘက်နိုင်ငံ(ယွမ်/တန်)              ယခု                ယခင်     ပြောင်းလဲမှု    %      ယခု        ယခင်     ပြောင်းလဲမှု        %နှမ်းဖြူ     ၁၂ဝ၈ဝ၂၉    ၁၁၈ဝ၆ဝ၇       ၂၇၄၂၂    ၂       ၁၃၁၈      ၁၃၁၄          ၄              ဝ .၃နှမ်းနက်    ၁၅၁၈ဝ၆၈  ၁၂၆၁၅၇၁      ၂၅၆၄၉၇  ၁၇       ၁၅၃၄      ၁၂၈၄        ၃၅၁            ၂၂ MIRT (DOBT)