Main menu

Background

ယခုတစ်ပတ်နယ်စပ်လမ်းကြောင်းမှ ဆန်နှင့်ဆန်ကွဲတန်ချိန် ကိုးထောင်နှစ်ရာကျော်တင်ပို့

Mon, 04/12/2021 - 10:03 -- journal_editor

၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက်မှ ဧပြီလဆန်းထိကာလအတွင်းမြန်မာ-တရုတ်နယ်စပ်ရှိမူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ဆန်တန်ချိန် ၂၇၀၀ခန်နှင့်လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ဆန်တန်ချိန် ၅၀၀ကျော်နှင့် စုစုပေါင်းတန်ချိန် ၃၂၀၀ကျော်တန်ဖိုးအမေရိကန်ဒေါ်လာ၁ဒသမ၃သန်းကျော်တင်ပို့ခဲ့ကြောင်းသိရသည်။ ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်လျှင်တန်ချိန် ၂၀၀ကျော် လျော့နည်းတင်ပို့နိုင်ခဲ့ပါသည်။ ဖေဖေါ်ဝါရီလကုန်မှမတ်လကုန်ထိ ခန့်မှန်းဆန်တန်ချိန် ၂၇၆၅၀ ခန့်နှင့်တန်ဖိုးအမေရိကန်ဒေါ်လာ ၁၁ဒသမ၂သန်းကျော် တင်ပို့နိုင်ခဲ့ကြောင်းသိရသည်။မြဝတီကုန်သွယ်ရေးဇုန်မှလည်းဆန်မှုန့် တန်ချိန် ၉၀၀ကျော် တန်ဖိုးအမေရိကန်ဒေါ်လာသုညဒသမ၃၅၈သန်းခန့် တင်ပို့ခဲ့ကြောင်းသိရသည်။ မတ်လအတွင်းဆန်မှုန့်တန်ချိန် ၁၄၀၀ကျော် တန်ဖိုးအမေရိကန်ဒေါ်လာသုညဒသမ၅၆၂သန်းကျော်တင်ပို့နိုင်ခဲ့ပါသည်။

          ယခုတစ်ပတ် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ၂ဒသမ၁၇၇သန်းကျော်တန်ဖိုးရှိဆန်ကွဲတန်ချိန် ၆၀၀၀ကျော် တင်ပို့ခဲ့ကြောင်းသိရသည်။ တင်ပို့မှုအနေဖြင့် မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ဆန်ကွဲ တန်ချိန် ၅၅၀၀ခန့်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ဆန်ကွဲတန်ချိန်၁၀၀ကျော်နှင့်မြန်မာ-ထိုင်းနယ်စပ် မြဝတီကုန်သွယ်ရေးဇုန်မှဆန်ကွဲတန်ချိန် ၄၄၀ခန့်တင်ပို့နိုင်ခဲ့ပါသည်။ယခင် တစ်ပတ်ထက် ဆန်ကွဲတန်ချိန် ၁၀၀၀ကျော်လျော့နည်း တင်ပို့ခဲ့ကြောင်းသိရသည်။မတ်လအတွင်းနယ်စပ်မှဆန်ကွဲတန်ချိန် ၄၂၀၀၀ခန့်နှင့်တန်ဖိုးအမေရိကန်ဒေါ်လာ ၁၇ဒသမ၈သန်းခန့် တင်ပို့ကြောင်းသိရသည်။

          ယခုတစ်ပတ်နယ်စပ်လမ်းကြောင်းမှ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ကိုးထောင်နှစ်ရာကျော် တင်ပို့ခဲ့ပါသည်။မတ်လအတွင်းနယ်စပ်မှဆန်နှင့်ဆန်ကွဲတန်ချိန် ၆၉၆၀၀ကျော်တင်ပို့ခဲ့ ကြောင်းသိရသည်။                                                                                                           

အေးအေးသန့်