Main menu

Background

ပြည်ဈေးကွက်တွင် မြေပဲဆံဈေးဆက်လက်မာ

Wed, 10/27/2010 - 03:54 -- Anonymous (not verified)

ပြည်ဈေးကွက်တွင် မြေပဲဆံဈေးဆက်လက်မာ      မိုးမြေပဲရာသီကုန်ချိန်တွင် ဆောင်းမြေပဲစိုက်ပျိုးရန်အတွက် မျိုးများ စတင် ဖြန့်ဖြူးပေးလျက်ရှိပါတယ်။ ပဲခူးတိုင်းဒေသကြီးအနောက်ရှိ ပေါက်ခေါင်းမြို့နယ်တွင် စိုက်ဘဏ်များမှ မျိုးများဖြန့်ဖြူးပေးနေပြီဖြစ်ကြောင်း သိရပါတယ်။ ပြည် ဈေးကွက်တွင် မြေပဲဆံဈေးမှာလည်း ဆက်လက်တက်နေလျက်ရှိပါတယ်။ မြေပဲဆံများ အဝင်ပါးနေသဖြင့် ဆီစက်များမှလည်း အခြားတိုင်းများမှတင်ပို့သော မြေပဲဆံ ကိုလည်း ဝယ်ယူကြိတ်ခွဲလျက်ရှိသဖြင့် ဆီကြိတ်ဆံတစ်ပိဿာကို ၁၄၅ဝ ကျပ်နဲ့ လုံးဆံတစ်ပိဿာကို ၁၇၂ဝ ကျပ်ဖြင့် ဈေးမြင့်တက်လာခဲ့ပါတယ်။ ပြည်ဈေးကွက် တွင် မြေပဲဆံအိတ် ၁ဝဝဝ ခန့်သာအရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ အောက်တိုဘာလဆန်းမှ ခုချိန်ထိ ရန်ကုန်တိုင်းဒေသကြီးကို မြေပဲဆံအိတ် ၆ဝဝ၊ မန္တလေးတိုင်း ဒေသကြီးသို့ အိတ် ၈ဝဝ နဲ့ မကွေးတိုင်း ဒေသကြီးသို့ အိတ် ၅ဝဝ တင်ပို့နိုင်ခဲ့ပါ တယ်။ မြေပဲဆံဈေးမှာတစ်ပိဿာကို ၃၆ဝဝ ကျပ်ဈေးဖြင့် အရောင်းအဝယ် ဖြစ် လျက်ရှိပါတယ်။                          ဝေဝေမင်း