Main menu

Background

ယခုတစ်ပတ်နယ်စပ်လမ်းကြောင်းမှ ဆန်နှင့်ဆန်ကွဲတန်ချိန် နှစ်ထောင့်ခြောက်ရာကျော်တင်ပို့

Fri, 04/23/2021 - 14:31 -- journal_editor

          ၂၀၂၁ခုနှစ် ဧပြီလ ၄ ရက်မှ ၁၆ ထိ ကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ဆန်တန်ချိန် ၁၀၀၀ ခန်နှင့်လွယ်ဂျယ် ကုန်သွယ်ရေးစခန်းမှ ဆန်တန်ချိန် ၄၀၀ ကျော်နှင့် စုစုပေါင်းတန်ချိန် ၁၄၀၀ခန့် တန်ဖိုးအမေရိကန်ဒေါ်လာ သုညဒသမ ၅၆၅သန်းကျော် တင်ပို့ခဲ့ကြောင်း သိရသည်။ ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်လျှင် တန်ချိန် ၃၀၀၀ ကျော် လျော့နည်း တင်ပို့ခဲ့ပါသည်။

          ယခုတစ်ပတ် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာသုညဒသမ၄၂၃သန်းကျော် တန်ဖိုးရှိ ဆန်ကွဲတန်ချိန် ၁၂၅၀ ကျော် တင်ပို့ခဲ့ကြောင်းသိရသည်။ တင်ပို့မှုအနေဖြင့် မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ဆန်ကွဲတန်ချိန် ၁၀၀၀ခန့်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ဆန်ကွဲတန်ချိန် ၁၀၀ခန့် နှင့်မြန်မာ-ထိုင်းနယ်စပ် မြဝတီကုန်သွယ်ရေးဇုန်မှဆန်ကွဲတန်ချိန် ၁၅၀ကျော် တင်ပို့နိုင် ခဲ့ပါ သည်။ ယခင် တစ်ပတ်ထက် ဆန်ကွဲတန်ချိန် ၄၀၀၀ကျော်လျော့နည်းတင်ပို့ခဲ့ကြောင်းသိ ရသည်။

          ယခုတစ်ပတ်နယ်စပ်လမ်းကြောင်းမှ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၂၆၀၀ကျော် တင်ပို့ခဲ့ပါသည်။                                                                                         

 အေးအေးသန့်