Main menu

Background

အရှေ့တောင်အာရှမှာ ဗီယက်နမ်က စပါးအထွက်နှုန်း အမြင့်ဆုံး စံချိန်တင်

Mon, 11/01/2010 - 04:51 -- Anonymous (not verified)

အရှေ့တောင်အာရှမှာ ဗီယက်နမ်က စပါးအထွက်နှုန်း အမြင့်ဆုံး စံချိန်တင်      ဗီယက်နမ်နိုင်ငံဟာ တစ်ဟက်တာကို စပါးအထွက် ၅ ဒသမ ၃ တန်နှုန်းနဲ့ အရှေ့တောင်အာရှမှာ အထွက်နှုန်း ထိပ်တန်းနေရာမှ ယူထားတယ်လို့ စိုက်ပျိုးရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေး  ဝန်ကြီးဌာန (MARD )  ဒုတိယဝန်ကြီး Bui Ba Bong  က ပြောကြားပါတယ်။ မဲခေါင်မြစ်ဝှမ်းပြည်နယ်များဖြစ်တဲ့ အန်ဂျိုင်း၊ ကင်သိုနဲ့ ခေါင်သပ်ဒေသများမှာ မိုးစပါးကို တစ်ဟက်တာ ၇ ဒသမ ၃ တန်နှုန်းထွက်ရှိခဲ့တာကြောင့် ကမ္ဘာမှာ ထိပ်တန်း အထွက်နှုန်းမြင့်တဲ့ ဂျပန်နဲ့ တောင်ကိုရီးယား နိုင်ငံတွေနဲ့ တန်းတူဖြစ်လာပြီလို့ ဆိုပါတယ်။     ဗီယက်နမ်နိုင်ငံရဲ့ ၂ဝ၁ဝ ဆန်ထုတ်လုပ်မှုဟာ တန်ချိန် ၃၉ ဒသမ ၉ သန်းခန့် ရှိတဲ့အနက် တောင်ပိုင်းပြည်နယ် များက တန်ချိန် ၂၃ ဒသမ ၅ သန်းကျော်ထုတ်လုပ်ခဲ့တယ်လို့ စိုက်ပျိုးရေးဌာန အစီရင်ခံစာအရ သိရပါတယ်။ မဲခေါင်မြစ်ဝှမ်း ဒေသ တစ်ခုထဲမှာပင် တောင်ပိုင်းပြည်နယ် စုစုပေါင်း ထုတ်လုပ်မှုရဲ့ ၉၁ ဒသမ ၅ ရာခိုင်နှုန်းနီးပါးမြင့်တက်ပြီး အထွက်နှုန်းပျမ်းမျှ ၅ ဒသမ ၄၇ တန်နဲ့ တန်ချိန် ၂၁ ဒသမ ၅ သန်း ထုတ်လုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီစာရင်းတွေက ဗီယက်နမ်နိုင်ငံရဲ့ ဆန်လုပ်ငန်း တိုးတက်မှုကို ပြနေပါတယ်။      လွန်ခဲ့တဲ့ ၁ဝ နှစ်အတွင်းက ဆန်တန်ချိန် ၅ ဒသမ ၆၆ သန်း၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂ ဒသမ ၆၃ ဘီလီယံဖိုးသာ တင်ပို့ခဲ့ရာမှ နှစ်စဉ်ဆန်တန်ပို့မှု  တိုးတက်ခဲ့ရာ ယခုနှစ် ကမ္ဘာ့ဂုံျ ရောင်းချမှု လျော့ကျခဲ့တာကြောင့် တန်ချိန် ၆ ဒသမ ၅ သန်းထိ တင်ပို့နိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြောင်း သိရပါတယ်။ MARD   မှ ခန့််မှန်းချက်အရ အင်ဒိုနီးရှားက ထိုင်းနိုင်ငံနဲ့ ဆန်ကုန်သွယ်မှု အောင်မြင် ခြင်း မရှိခြင်းက ဗီယက်နမ်နိုင်ငံမှ  နောက်ထပ် ဆန်တန်ချိန် ၂ သိန်း တင်ပို့ ရဖွယ်ရှိပြီး ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းမှာ လည်း မုန်တိုင်းမီဂီကြောင့် သီးနံှတွေ ပျက်စီးခဲ့လို့ ဆန်တန်ချိန် ၅ သိန်းနဲ့ ၆ သိန်းအတွင်း တင်သွင်းဖို့ အခြေအနေ တွေ ရှိနေတာကြောင့် ဆန်ဈေးနှုန်း ထောင်တက်လာဖွယ်ရှိတယ်လို့ ခန့်မှန်း ထားပါတယ်။                                                                         လမင်း၊ ှSources: VOV news