Main menu

Background

ဆန်အထွက်လျော့ကျတာကြောင့် အာရှဆန်ဈေးနှုန်းမြင့်တက်

Mon, 11/01/2010 - 05:03 -- Anonymous (not verified)

ဆန်အထွက်လျော့ကျတာကြောင့် အာရှဆန်ဈေးနှုန်းမြင့်တက်          အာရှတောင်ပိုင်းနဲ့ အရှေ့တောင်အာရှနိုင်ငံတွေထဲက ဆန်ထုတ်လုပ်တဲ့ နိုင်ငံအများအပြားမှာ အစောပိုင်း က မိုးခေါင်ပြီး ယခုနောက်ပိုင်းမှာ ရေလွှမ်းမိုးမှုတွေကြောင့် လွန်ခဲ့တဲ့ သီတင်းပတ်များအတွင်း ကမ္ဘာ့ဆန်ဈေးနှုန်း ဦးတည်ရာအတိုင်း အာရှဆန်ဈေးနှုန်းလည်း မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ အောက်တိုဘာလ ၈ ရက်နေ့က အမေရိကန်စိုက်ပိုျးရေးဌာန (USDA ) က ကမ္ဘာ့ဆန်အထွက်ကို ခန့်မှန်းရာမှာ အစောပိုင်းခန့်မှန်းပမာဏထက် တန်ချိန် ၁၇၁ဝဝဝ လျော့ကျပြီး တန်ချိန် ၄၅၂ ဒသမ ၅ သန်းရှိမယ်လို့ ဆိုပါတယ်။  လေးနှစ်အတွင်း ပထမအကြိမ်အနေနဲ့ ကမ္ဘာ့ဆန်ထုတ်လုပ်မှု လျော့ကျခြင်းဟာ အရှေ့တောင်အာရှ နိုင်ငံတွေမှာ မုန်တိုင်းများနဲ့ ရေလွှမ်းမိုးမှုတွေကြောင့် ယခုထက်ပိုလျော့ကျနိုင်သေးတယ်လို့လည်း ခန့်မှန်းထား ပါတယ်။ အရှေ့တောင် အာရှမှာ ယခုလအတွင်း ရေလွှမ်းမိုးမှုကြောင့် လူပေါင်း ၁၆၂ ဦးသေဆုံးခဲ့ပြီး ဆန်အများဆုံးထုတ်လုပ်တဲ့ ထိုင်းနဲ့ ဗီယက်နမ်တို့မှာ သီးနံှများ ပျက်စီးခဲ့ရပါတယ်။ ပြီးခဲ့တဲ့လများအတွင်းကလည်း ပါကစ္စတန်မှာ ရေလွှမ်းမိုးမှုကြောင့် ဂံျုထုတ်လုပ်မှု ကျဆင်းခဲ့ရပြီး ဖိလစ်ပိုင်နိုင်ငံမှာလည်း မုန်တိုင်းမီဂီကြောင့် စိုက်ပိုျးထားတဲ့ လယ်မြေများ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။        ကမ္ဘာ့ဆန်တင်ပို့မှုရဲ့ ၄၃ ရာခိုင်နှုန်းရှိတဲ့ ထိုင်းနဲ့ ပါကစ္စတန်တို့မှာ ရာသီဥတုကြောင့် သီးနံှများ ပျက်စီးခဲ့ရတဲ့အတွက် ကမ္ဘာ့ထက်ဝက်သော လူဦးရေရဲ့ အဓိကအစားအစာ ဆန်ဈေးနှုန်းဟာ ၁ဝ လအတွင်း အမြင့်ဆုံးကို မကြာခင် ရောက်ရှိလာ နိုင်တယ်လို့ အိန္ဒိယနိုင်ငံပိုင် ဆန်ဌာန ခေါင်းဆောင်  Prasent Gosalvitra  က ပြောကြားပါတယ်။                                                                               လမင်း၊ Sources: oryza.com