Main menu

Background

ဆန်ဈေးမြင့်တက်မှုက စင်ကာပူဈေးကွက်ကို မထိခိုက်

Mon, 11/01/2010 - 05:08 -- Anonymous (not verified)

ဆန်ဈေးမြင့်တက်မှုက စင်ကာပူဈေးကွက်ကို မထိခိုက်    ထိုင်းနိုင်ငံမှာ အကြီးအကျယ် ရေလွှမ်းမိုးမှုကြောင့် လယ်မြေဧကပေါင်းများစွာ ရေနစ်မြုပ်ပျက်စီးမှုရှိတဲ့တိုင် စင်ကာပူ ဆန်ဈေးနှုန်းကတော့ ဆက်လက်တည်ငြိမ်နေဆဲပါလို့ ပြည်တွင်းသတင်းများမှာ ဖော်ပြထားကြောင်း သိရပါတယ်။ စင်ကာပူ ငွေကြေးတန်ဖိုး ခိုင်မာနေခြင်းကလည်း အခြားကုန်စည်ဈေးမတက်အောင် အထောက်အပံ့ ဖြစ်စေတယ်လို့ စင်ကာပူ ဆန် တင်သွင်းသူများ အသင်းမှ ပြောကြားပါတယ်။     ကမ္ဘာ့ဆန်ဈေးက အနည်းဆုံး ၅ ရာခိုင်နှုန်းမြင့်တက်ပေမဲ့ အဓိကကျတဲ့ စူပါမတ်ကက်များကို စစ်ဆေး ကြည့်ရာမှာ တော့ ဈေးနှုန်းပြောင်းလဲခြင်း မရှိဘူးလို့ ဆိုပါတယ်။ စင်ကာပူဟာ ထိုင်းနိုင်ငံအပြင် ဗီယက်နမ်နဲ့ ကမ္ဘောဒီယားကလည်း ဆန်တင်သွင်းမှုရှိတယ်လို့ သိရပါတယ်။ လမင်း၊ ှSources: oryza.com