ဟင်္သာတကောက်စော ဈေးကွက်ဝင် ဟင်္သာတခရိုင်အတွင်း ၂ဝ၁ဝ-၁၁ ခုနှစ်ထွက် မိုးစပါးစိုက်ဧက ၅ ဒသမ ၃၆ သိန်းမှ ယခုအောက်တိုဘာ စတုတ္ထပတ်ကစတင်ပြီး၊ ကောက်စောစပါးများ စတင်ရိတ်သိမ်းနေပြီ လို့သိရပါတယ်။ အင်္ဂပူမြို့နယ်ရှိ မဲဇလီကုန်း၊ ထူးကြီးဒေသများနဲ့ မြန်အောင်မြို့နယ်တို့မှာ အရောင်းအဝယ်ဖြစ်နေတယ်လို့သိရပါတယ်။ ကောက်စောစပါးဈေးမှာ ၄၆ ပေါင်၊ အစိုတင်း ၁ဝဝ ကို မြန်အောင်မြို့နယ်တွင် ကျပ် ၂ ဒသမ ၆ သိန်း၊ ဟင်္သာတမြို့နယ်မှာ ကျပ် ၂ ဒသမ ၈ သိန်း၊ ကောက်စော ဆန်တစ်တင်းခွဲတစ်အိတ်ကို ၁၂၅ဝဝ ကျပ်၊ ၁၂၈ဝဝ ကျပ်နဲ့ အရောင်းအဝယ်ပြုလုပ်ကြကြောင်း သိရပါတယ်။အေးအေးခိုင်
Background