Main menu

Background

ဗီယက်နမ်ဆန် တင်ပို့သူများ စာချုပ်ဖျက်သိမ်းရဖွယ်ရှိ

Wed, 11/10/2010 - 04:07 -- Anonymous (not verified)

ဗီယက်နမ်ဆန် တင်ပို့သူများ စာချုပ်ဖျက်သိမ်းရဖွယ်ရှိ           အကယ်လို့သာ ဆန်တင်ပို့ဈေးက ကြမ်းခင်းဈေးထက် နိမ့်ကျမယ်ဆိုရင် ဗီယက်နမ်ဆန်တင်ပို့သူများအနေနဲ့ ပြည်ပဝယ်လက်များနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်များကို ဖျက်သိမ်းရဖွယ် ရှိတယ်လို့ သိရပါတယ်။ ဗီယက်နမ်ရဲ့ ဆန်ကြမ်းခင်းဈေးဟာလယ်သမားများရဲ့ အမြင့်ဆုံးဆန်ရောင်းဈေးနဲ့ တင်ပို့သူတွေရဲ့ အကျိုးအမြတ်တွက်ချက်သတ်မှတ်ထားခြင်း ဖြစ်ပါတယ်။            ဆန်တင်ပို့သူများဟာ လက်ရှိအချိန်ထိ တန်ချိန် ၆ ဒသမ ၈ သန်းတင်ပို့ဖို့ စာချုပ်ထားပြီးဖြစ်ပါတယ်။ ဗီယက်နမ်စားနပ်ရိက္ခာအသင်း (VFA)  ဒုတိယဥက္ကဌရဲ့ ပြောကြားချက်အရ ဆန်တင်ပို့မှုလျာထားချက်အနေနဲ့ တန်ချိန် ၆ ဒသမ ၅သန်းလို့ဆိုပါတယ်။ ကြမ်းခင်းဈေးအနေနဲ့ ၂၅ မှတ်ဆန်မှာ တစ်တန်ကိုကန်ဒေါ်လာ ၄၄၅ နဲ့ ၅ မှတ် ဆန်မှာ ၄၇၅ ဒေါ်လာဖြစ်ပြီး၊ ကမ္ဘာ့ဝယ်လိုအားကောင်းနေခြင်းက ဈေးနှုန်းမြင့်တက်ဖို့ တွန်းအားဖြစ်စေပါတယ်။            ယခုနှစ် ပထမ ၁ဝ လအတွင်း ဆန်တင်ပို့ခြင်းမှ ဝင်ငွေအမြင့်ဆုံးရောက်ရှိခဲ့တယ်လို့ စိုက်ပျိုးရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ပြောကြားပါတယ်။ တင်ပို့မှုပမာဏအားဖြင့် ယခင်နှစ်ထက် ၄ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ပြီး၊တန်ချိန် ၅ ဒသမ ၆၆ သန်းရှိခဲ့ပြီး၊ တန်ဘိုးအားဖြင့် ၉ ဒသမ ၂၄ ရာခိုင်နှုန်း၊ ကန်ဒေါ်လာ ၂ ဒသမ ၆၃ သန်းရရှိခဲ့တယ်လို့ဆိုပါတယ်။ ယခု ၃ လအတွင်း တန်ချိန် ၂ သန်းတင်ပို့နိုင်လိမ့်မယ်လို့ (VFA)  ကဆိုပါတယ်။ ယခုနှစ်မှာ တန်ချိန် ၆သန်းမှ ၆ ဒသမ ၅ သန်း တင်ပို့နိုင်မှာဖြစ်ပြီး၊ လာမယ့်နှစ်မှာ ပြည်တွင်းဝယ်လိုအား ရောင်းလိုအားပေါ် မူတည်ပြီး အနည်းဆုံးတန်ချိန် ၆သန်းထိရောက်ရှိမယ်လို့ (VFA)  မှ ခန့်မှန်းထားကြောင်း သိရပါတယ်။                                                                                                                        လဝန်း၊ှSource: VNS