Main menu

Background

အပြည်ပြည်ဆိုင်ရာ ကောက်ပဲသီးနံှများဖြစ်သည့် ဂံျု၊ ပြောင်း နှင့် ဆန် ဈေးနှုန်းပြောင်းလဲမှုအခြအနေ

Wed, 11/10/2010 - 04:14 -- Anonymous (not verified)

အပြည်ပြည်ဆိုင်ရာ ကောက်ပဲသီးနံှများဖြစ်သည့် ဂံျု၊ ပြောင်း နှင့် ဆန် ဈေးနှုန်းပြောင်းလဲမှုအခြအနေ  ဂံျု        ဂံျုစိုက်ပျိုးတင်ပို့သည် နိုင်ငံများတွင် မိုးခေါင်မှု ကြောင့် ဂံျုထွက်ရှိမှုလျော့ကျသွားမှု နှင့် ရုရှနိုင်ငံမှ ဂံျုတင်ပို့မှု အပေါ်ပိတ်ခဲ့မှုတို့ကြောင့် အပြည်ပြည်ဆိုင်ရာ ဂုံျဈေးနှုန်း များသည် ဇူလိုင်လကတည်းက မြင့်တက်သွား ခဲ့သည်။ အောက်တိုဘာလပထမပတ်တွင်အမေရိကန်ပြည်ထောင်စု ၏ စံသတ်မှတ်ထားသည့် ဂံျု ဈေးနှုနှုန်းမှာ တစ်တန်လျှင်  ကန်ဒေါ်လာ ၂၈၁ သို့ရောက်ရှိခဲ့သည်။ ဂံျုဈေးနှုန်းများ သည် ဇူလိုင်လမှ စက်တင်ဘာလလယ်အထိ ဆက်တိုက် မြင့်မားခဲ့သည်။ အောက်တိုဘာလ ရောက်မှသာ သြစတြေးလျ၏ ဂံျုထုတ်လုပ်မှု ကောင်းမွန်ခဲ့မှုနှင့် ဝယ် လိုအား နှေးကွေးသွားမှုကြောင့် ဈေးနှုန်းပြန်လည်ကျဆင်း သွားခဲ့သည်။ အောက်တိုဘာလက အပြည်ပြည် ဆိုင်ရာ ဂံျုဈေးနှုန်းများသည် ပြီးခဲ့သည့်နှစ်ကထက် ၄ဝ ရာခိုင်နှုန်း မြင့်မားခဲ့သော်ငြားလည်း ၂ဝဝ၈ ခုနှစ်ကရောက်ရှိခဲ့ သည့် အမြင့်ဆုံးဈေးနှုန်းထက် ၄၂ ရာခိုင်နှုန်း နိမ့်ကျနေသေးသည်။ အခြားနိုင်ငံများမှ ဂံျုဈေးနှုန်းများသည်လည်း အမေရိကန် ပြည်ထောင်စု၏ ဈေးနှုန်းအတိုင်းအမြင့်တွင်သာ ရှိနေခဲ့ သည်။  ပြောင်း      ပြောင်းဈေးနှုန်းသည်လည်း ရောင်းလိုအား တင်း ကြပ်မှုကြောင့် ဂံျုဈေးနှုန်းနည်းတူ ဇူလိုင်လကတည်းက စတင် မြင့်တက်ခဲ့ရာ အောက်တို ဘာလပထမပတ်တွင် အမေရိကန် စံသတ်မှတ်ထားသည့် US No.2 (Yellow)  ပြောင်း ဈေးနှုန်း မှာ တစ်တန်လျှင် ကန် ဒေါ်လာ ၂၁၂ သို့ ရောက်ရှိခဲ့ရာ ဇူလိုင်လဆန်းကဈေးနှုန်းထက် ၃၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်းနှင့် ယခင်နှစ်ဖြင့် နှိုင်းယှဉ်ရာတွင် ၃၁ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်ကိုလေ့လာတွေ့ရှိရပါသည်။ သို့သော် စားသောက်ကုန်ဈေးနှုန်းများ စံချိန်တင်မြင့်တက်ခဲ့ သည့် ၂ဝဝ၈ ခုနှစ်နှင့် နှိုင်းယှဉ်ရာတွင် ၂၄ ရာခိုင်နှုန်း နိမ့် နေသေးကြောင်း သိရှိရသည်။ ဆန်        ၂ဝ၁ဝ နှစ်ဆန်းပိုင်းက စတင်ဈေးကျခဲ့သော ဆန်သည် ဇူလိုင်လမှစတင်ကာ ဈေးတဖြည်းဖြည်း မြင့်တက် လာခဲ့သည်။ အောက်တိုဘာလ ပထမပတ်တွင် ထိုင်း စံ သတ်မှတ်ထားသော ၁ဝဝ ရာခိုင်နှုန်း (Grade B) ဆန် ဈေးနှုန်းသည် တစ်တန် လျှင်ကန် ဒေါ်လာ ၅၁ဝ သို့ ရောက်ရှိသွားသည်။ အပြည်ပြည်ဆိုင်ရာ ဆန်ဈေးနှုန်းသည် ကမ္ဘာတွင် တတိယအများဆုံး ဆန်ထုတ်လုပ်သူဖြစ်သည့် ပါကစ္စတန်နိုင်ငံ၏ ရေလွှမ်းမိုးမှုကြောင့် ဈေးနှုန်းမြင့် တက် ခဲ့ခြင်းဖြစ်သည်။ လွန်ခဲ့သည့် ရက်သတ္တပတ်များတွင် အမေရိကန် ငွေကြေး တန်ဖိုးအားနည်းသွားခြင်း ကြောင့် လည်း ကမ္ဘာ့စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်စေရန် တွန်းအားပေးခဲ့သည်။ သို့သော်ငြားလည်း ဆန်ဈေးနှုန်း သည် ၂ဝဝ၈ ခုနှစ်ကထက် ၄၇ ရာခိုင်နှုန်း နိမ့်နေသေး ကြောင်း တွေ့ရှိရပါသည်။            ၂ဝဝ၉ ခုနှစ် အောက်တိုဘာလမှ ၂ဝ၁ဝ ခုနှစ် အောက်တိုဘာလအထိ ၁ နှစ်အတွင်း ပြောင်း၊ ဂံျု၊ ပဲပုပ်နှင့် ဆန်ဈေးနှုန်းပြောင်းလဲမှု အခြေအနေကိုအောက်ပါ အတိုင်း တွေ့ရှိရပါသည်-