Main menu

Background

ယခုအပတ်မူဆယ်ရော စစ်တွေကပါ မတ်ပဲတင်ပို့နိုင်

Wed, 11/10/2010 - 04:41 -- Anonymous (not verified)

ယခုအပတ်မူဆယ်ရော စစ်တွေကပါ မတ်ပဲတင်ပို့နိုင်      မေလမှ တန်ချိန် ၅၆၈ဝ နီးပါး တင်ပို့နိုင်ခဲ့ပြီးနောက်ပိုင်း တင်ပို့နိုင်ခဲ့ခြင်းမရှိတဲ့ မတ်ပဲကို ယခုအပတ်မှာ တန်ချိန် ၃၁ဝ ၊တန်ဖိုးအားဖြင့်ကန်ဒေါ်လာ ဝ ဒသမ ၃၃၆၄သန်းဖိုး မူဆယ်နယ်စပ်မှပြန်လည်တင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။ ဒီတစ်ပတ် မှာ မူဆယ်အပြင်စစ်တွေနယ်စပ်ကလည်း ဒေသထွက် မတ်ပဲ ၅ တန် တင်ပို့နိုင် ပါသေးတယ်။ မူဆယ်နယ်စပ်မှာ မတ်ပဲ တစ်တန်ပေါက်ဈေးက မိမိဘက် မှာ ၁ဝ၁၇၉၂၇ ကျပ်ဖြစ်ပြီး တစ်ဘက်နိုင်ငံ ပေါက်ဈေးကတော့ ၁၁၂၃ ဒေါ်လာ ဝန်းကျင် ဖြစ်ပါတယ်။                                                                                                                           တင်တင်ထွန်း (MIRT )