Main menu

Background

ဟင်္သာတတောင်သူတို့ မတ်ပဲသစ်များ ပြန်လည်စိုက်ပျိုးပြီ

Wed, 11/10/2010 - 04:44 -- Anonymous (not verified)

ဟင်္သာတတောင်သူတို့ မတ်ပဲသစ်များ ပြန်လည်စိုက်ပျိုးပြီ        ဟင်္သာတခရိုင်အတွင်းမှာ ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာ၊ မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ်များပါဝင်ပြီး ပဲသီးနံှအုပ်စုရဲ့ အဓိကစိုက်ပျိုးရောင်းဝယ်မှု ပြုလုပ်ကြတဲ့ မတ်ပဲကို နှစ်စဉ်နိုဝင်ဘာလမှာ စတင်စိုက်ပျိုးကြပါတယ်။ ဖေဖော်ဝါရီ လမှာ ရောင်းဝယ်မှုများစလုပ်ကြပါတယ်။ ၂ဝဝ၉-၂ဝ၁ဝ ခုနှစ်တွင် ဟင်္သာတ ခရိုင်အတွင်း မတ်ပဲ ဧက ၃၉၃၅၅၆ စိုက်ပျိုးခဲ့ပြီး တင်းသိန်း ၄၅ သိန်းခန့်ထွက် ခဲ့ပါတယ်။ ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်မှာတော့ ဟင်္သာတခရိုင်တွင် မတ်ပဲဧက ၃၉၇၃၉၂ စိုက်ပျိုးဘို့ လျာထား ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာပထမပတ်ထိ မတ်ပဲဧက ၄၅ဝဝ စိုက်ပျိုးပြီဖြစ်ကြောင်း သိရပါတယ်။ လက်ရှိ ရောင်းဝယ်နေတဲ့ မတ်ပဲဈေးက ယခင်အပတ်ထက် တစ်တင်းကို ၁ဝဝဝ ကျပ်ခန့် ဈေးမြင့်လာပြီး ၂၄၆ဝဝ ကျပ်ဖြစ်ခဲ့ကာ နေ့စဉ် ပျမ်းမျှအိတ် ၇၅ဝ ခန့် အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။                                                                                                                                     အေးအေးခိုင်