Main menu

Background

ဈေးပြန်လှုပ်လာတဲ့ ပြည်မတ်ပဲ

Wed, 11/10/2010 - 04:45 -- Anonymous (not verified)

ဈေးပြန်လှုပ်လာတဲ့ ပြည်မတ်ပဲ         ပြည်မြို့ရဲ့ မတ်ပဲဈေးကွက်ကတော့ အနည်းငယ်မြင့်လာတယ်လို့ သိရပါတယ်။ နိုဝင်ဘာလပထမပတ်မှာ မတ်ပဲ တစ်တင်းကို ၂၄၃ဝဝ ကျပ်မှ ၂၄၇ဝဝ ကျပ်ထိ ဈေးမြင့်လာခဲ့ပါတယ်။ ရန်ကုန်ဝယ်လက်လည်း အဝယ်ရှိခဲ့သလို မြို့ခံများလည်း အဝယ်ရှိနေပြီး တစ်နေ့ကို မတ်ပဲတစ်တင်းခွဲအိတ် ၂ဝဝ-၃ဝဝ ခန့် အရောင်းအဝယ်ဖြစ်နေပါတယ်။ ပြည်မှ ရန်ကုန်သို့ တစ်ရက်ကို တစ်တင်းခွဲအိတ် ၈ဝဝ ခန့်တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။                                                                                                                                        မိမိအေး